💢 Part - 2 💢

14.3K 1.1K 93
                                    

ကို့ အချစ်က ကြမ်းတယ်...။

" ကို လွှတ်ပေးတော့လေ....။တော်ကြာ ယွီကော ဝင်လာလို့မြင်သွားရင် မကောင်းဘူး ...။ "

" ယွီပင်း သူ့ဟာသူလာတာလေ...။ကိုယ် ကလေးကိုလွှတ်ပေးတာနဲ့ ဘာဆိုင်လည်း....။ "

" လာပြန်ပြီ....။သူက ကို့ မန်နေဂျာလေ...။ကို ဂုဏ်သိက္ခာနဲ့ကို့နာမ်မည်ကို ထိန်းပေးဖို့တာဝန်ရှိတယ်...။ကို့လိုမင်းသားတစ်ယောက်က ကလေးလိုဘာမဟုတ်တဲ့ မိတ်ကပ်ဆရာလေးနဲ့ ကြိုက်နေတာသိသွားကြရင် ကို့ အောင်မြင်မှုတွေလျော့သွားလိမ့်မယ်....။ "

" အဲ့ဒီ အောင်မြင်မှုက ကလေးလောက် အရေးမကြီးဘူး.....။အောင်မြင်မှုနဲ့ကလေးကို ယှဥ်လာရင် ကိုယ်ကတော့ ကလေးကိုပဲရွေးမယ်..။ "

ရတိပြတ်ပြောချလိုက်တဲ့ ကို့စကားလေးကြောင့် ရှောင်းကျန့်ကျေနပ်စွာ ပြုံးလိုက်မိတယ်...။

ခပ်ဖောင်းဖောင်း ကို့ရဲ့ပါးပြင်လေးကို လက်မလေးနဲ့ပွတ်သပ်ရင်း ကို့နုတ်ခမ်းထူလေးအား ဖိကပ်နမ်းမိသေးတယ်....။

" ချစ်လိုက်တာ ကို....။ကလေး ကို့ ကိုသိပ်ချစ်တာ.....။ "

" ချစ်ရင် ကိုယ့်ကိုနမ်းပါအုံးလား....။မနမ်းတာကြာနေပြီ...။ "

" အမ်...ခုလေးတင် နမ်းလိုက်တာလေ.... "

" သိသားပဲ...။ဒါပေမဲ့ကြားထဲမှာ နှစ်မိနစ်လောက်ကြာသွားပြီလေ....။ "

" လူဆိုးကြီး...."

" လူဆိုးကြီးက ကလေးကိုသိပ်ချစ်.."

ရိပေါ်က ရှောင်းကျန့်ရဲ့မက်မွန်သီး တင်ပါးလေးကို သူ့လက်ဖဝါးတွေနဲ့ဖိကိုင်လို့ နုတ်ခမ်းလေးကိုနမ်းလိုက်သည်....။

ချစ်လွန်းအားကြီးပြီး ကိုက်လိုက်မိတော့ လျှာပေါ်မှာ ချိူနေတဲ့အရသာတစ်ခုရလိုက်တယ်...။

သေချာတာက နုတ်ခမ်းလေးပေါက်သွားပြီ...။

" ဟင့်...နာတယ် ကိုရယ်..."

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now