💢 Part - 17 💢

6.2K 365 33
                                    

ကို ဟာကျွန်တော့်အပိုင် ။

ရိပေါ်တို့မိသားစုလိုက် ဂျပန်ကပြန်ရောက်တော့ လေဆိပ်မှာတင်ရိပေါ်ဖန်တွေ တအားပွဲဆူနေလို့ ကားပေါ်ရောက်အောင်လုံခြုံရေး တော်တော်များများ သုံးခဲ့ရသည်။တစ်ယောက်နဲ့တစ်ယောက် အတင်းတိုးဝှေ့ကာ မေးခွန်းပေါင်းစုံကို လှမ်းမေးနေကြသည်။အမေးအများဆုံးကတော့ ဝမ်ရိပေါ်နဲ့ရှောင်ရှောင်းကျန့် တကယ်တွဲနေကြတာလား ဆိုတာပါပဲ။

ရှောင်းကျန့်လေးက ဟိုမှာကတဲကနေသိပ်မကောင်းတာ ပြန်ရောက်တဲ့ထိလည်းမသက်သာသေးတာမို့ လူတွေအများကြီးကြားထဲမှရိပေါ်ဟာ နေမကောင်းတဲ့ကောင်လေးကို ပွေ့ချီကာ ကားပေါ်အရောက်ပြေးလာခဲ့သည်။ထိုအခြေနေကြောင့် ပရိတ်သတ်တွေက ပိုလို့ပွဲဆူသွားခဲ့သည်။လက်ခံတဲ့ပရိတ်သတ်တွေက အော်ပြီးအားပေးကြပေမဲ့ တစ်ချိူ့ဖန်တွေကျတော့အသံကွဲကြပြန်သည်။

ကားပေါ်ရောက်ပြီးမှ သက်ပြင်းချနိုင်တဲ့ရိပေါ်က သူ့ရင်ဘက်ပေါ်မှောက်လျက်လေး အိပ်နေတဲ့ကောင်လေးကို ကြည့်မိတယ်။သူချီခေါ်လာပေမဲ့ ချွေးလေးတွေထွက်နေတဲ့ကောင်လေးကြောင့် ဝတ်ပေးထားတဲ့အပေါ်ထပ်အကျီလေးကို ချွတ်ပေးလိုက်မိတယ်။ပြီးတော့သူ့လက်တစ်စုံနဲ့ ထွေးဖက်လို့နွေးထွေးစေပါတယ်။

" ကလေးလေး နေလို့သက်သာရဲ့လား "

" အဟင့် ကို ခေါင်းမူးတယ် "

" ခဏလေးသီးခံအုံးနော် ကိုယ့်သဲလေး။အိမ်ပြန်ရောက်မှ ဆရာဝန်နဲ့ပြရမှာ။ကိုယ် ကြိုပြီးခေါ်ထားတယ် "

" ဟုတ် အဟင့် ဟင့် "

" ကလေးရယ် မင်းခုလိုဖျားနေမဲ့အစား ကိုယ်ပဲဖျားလိုက်ချင်တယ်။ကိုယ့်ကလေးလေး ပင်ပမ်းနေတာကိုယ်မကြည့်ရက်ဖူး "

" ဟင့် ဟင့် အဟင့် "

" ချစ်တယ် ကိုယ်သိပ်ချစ်တယ်နော် ကိုယ့်သဲလေး "

" ဟုတ် "

ရိပေါ်မှာ နေမကောင်းလို့တဟင့်ဟင့် ငြီးနေရှာတဲ့သူ့ကောင်လေးကို အနမ်းလေးတစ်ဖွဖွပေးကာ နှစ်သိမ့်ပေးနေမိတယ်။ဂျပန်မှာလျှောက်လည်တာ များသွားပြီးအဖျားဝင်သွားတာမို့ ရက်ရှည်နေခြင်းဖြစ်သည်။တစ်ခါတစ်ခါ စားထားသမျှပြန်အန်နေတတ်တာက လည်းကလေးငယ်အတွက် အတော်ဆိုးနေတဲ့အခြေနေဖြစ်နေရှာတယ်။သူ့ခင်ဗျာ ဆေးလေးသောက်ချင်လို့ ဆန်ပြုတ်လေးသောက်တာတောင် လက်မခံတဲ့အစာအိမ်ကြောင့် စိတ်တိုဝမ်းနည်းခဲ့ရသေးသည်။

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now