💢 Part - 18 💢

5.8K 325 20
                                    

ရိပေါ်နဲ့ရှောင်းကျန့်တို့ရဲ့ မဂ်လာပွဲကြီးဟာသိပ်ကိုခမ်းနားကြီးကျယ်ခဲ့ပါတယ်။ကမ္ဘာကျော်မင်းသားနဲ့သူ့ကောင်လေးတို့ လက်ထပ်ပွဲကနိုင်ငံတော်တော်များများထိ ဟိုးလေးတကြော်ကြော်ဖြစ် ခဲ့သေးတယ်။

မင်းသား ဝမ်ရိပေါ်ဟာသူ့ချစ်သူကို သိပ်ကိုတန်ဖိုးထားကြောင်းနဲ့ဘယ်လောက်ထိချစ်ကြောင်းတွေကိုပါ ပိုသိခဲ့ရပါတယ်။သူလက်ထပ်လိုက်တဲ့သူက သူ့ရဲ့မိတ်ကပ်ဆရာလေးဆိုပေမဲ့ တင့်တယ်ခမ်းနားစွာနဲ့ဂုဏ်ကျက်သရေရှိရှိ လက်ထပ်ယူခဲ့တာပါ။

ရှောင်းကျန့်ကို လုံးဝမျက်နှာမငယ်စေရဘဲ အပြုံးပန်းတွေဝေနေသည်အထိ ထားခဲ့တဲ့ဝမ်ရိပေါ်က ရှေ့လျှောက်ဆိုရင်ပိုလို့တိုးချစ်ပေးတော့မှာကို မြင်ယောင်နေပါပြီလေ။

ခုလည်းသူတို့လက်ထပ်ပြီး လေးလကျော်ကျော် ရှောင်းကျန့်ရဲ့ကိုယ်ဝန် ၇ လထဲမှာရောက်နေပြီ။သို့သော်လည်း ယောကျာ်းဖြစ်သူရဲ့ရှုတင်ရိုက်ကွင်းထိလိုက်ပြီး မိတ်ကပ်ကိုကိုယ်တိုင်လိမ်းပေးတုန်းပါပဲ။ဂျပန်မှာသီချင်းသွားမဆိုခင်က ရိုက်လက်စ ဇာတ်ကားကိုဆက်ရိုက်နေတာ ပြီးတော့မှာမို့စိတ်လက်ရှည် လိုက်ပေးနေတာပါ။ကိုယ့်လိုသာဆိုရင် လွယ်ထားရတဲ့ကိုယ်ဝန်ကြောင့် အိမ်မှာပဲအနားယူချင်တာအမှန်ပါ။

" ငြိမ်ငြိမ်နေပါ ယောကျာ်းရယ်။ဟိုမှာ ရှုတင်ပြန်စ တော့မှာ မျောက်ကလေးကျနေတာပဲ။မိတ်ကပ်လိမ်းပြီဆိုရင် ဘယ်တော့မှအငြိမ်မနေဘူး "

" ခုက ဆူနေတာပေါ့နော် "

" မဟုတ်ရပါဘူးဗျာ။မဆူရက်ပါဘူး ငြိမ်ငြိမ်လေးပဲနေပေး ဟုတ်ပြီလား "

" ကိုယ်က ကိုယ့်ဗိုက်ဗိုက်လေးကို ချစ်လို့ပါ။စိတ်ပူလို့ ဆိုတာသိတယ်မလား "

" ချစ်တယ် ယောကျာ်း သိပ်ချစ်တယ်နော် "

" ယောကျာ်းက ပိုချစ် "

ရှုတင်ခဏ နားတုန်းပြန်ပြင်ဆင်ပေးနေတဲ့ ရှောင်းကျန့်ရဲ့ ဗိုက်ပူလေးကိုဟိုပွတ်ဒီပွတ်နဲ့ အငြိမ်မနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ပြောနေရတာပါ။ဘောင်းဘီရှည်အပွလေးနဲ့ ပူနေတဲ့ဗိုက်ကလေးကြောင့် အတွင်းက T - Shirt ကြီးကြီးတစ်ထည်ကိုဝတ်ထားပြီး အပေါ်ကလက်ရှည်ထပ်ဝတ်ပေးထားသည်။ဒါကို ဝမ်ရိပေါ်ကအကျီအောက်လက်လျှိုကာ ဗိုက်ကလေးကိုလက်ဖဝါးနဲ့ပွတ်နေတာ။ဒါကိုရှောင်းကျန့် သဘောကျပေမဲ့ရှုတင်က ပြီးအောင်ရိုက်ရမှာမို့ပြောလိုက်ခြင်းပေမဲ့ ဆူနေတာလို့ထင်ပြီးညိုးသွားရှာတဲ့ ကို့ မျက်နှာလေးကိုလည်းမကြည့်ရက်ပြန်ဘူး။

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now