💢 Part - 10 💢

7.1K 432 18
                                    

အချစ်ပန်းလေး ဖူးပွင့်စေသူတစ်ဖြစ်လည်း ကိုဟာ ကျွန်တော်ရင်ခုန်ခဲ့ရတဲ့ ချစ်ဦးသူပါ...။

ထင်ထားတာနဲ့ ဖြစ်လာတဲ့အခြေနေက တစ်ခြားစီမို့ရှောင်းကျန့်တစ်ယောက် ကြောက်စိတ်လေးတွေပြယ်လုနီးပါးရယ်...။

ယွီပင်းပြောခဲ့ဖူးတာက ဝမ်မားကပြသနာမရှိပေမဲ့ ဝမ်ပါးဟာစိတ်တိုလွယ်သူမို့ ရိပေါ်ရှေ့ရေးကိုကြိုတွေးပြီး ဒေါသထွက်နိုင်တာကြောင့် သူကြည့်ပြောပေးမယ်တဲ့လေ...။

ခုကျတော့ ယွီပင်းပြောစရာမလိုတော့အောင် ကိုယ်တွေ့သိသွားပြီးတော့ အခြေနေတွေကပြောင်းပြန်တွေဖြစ်ကုန်သည်...။

ဝမ်ပါးတစ်ယောက် ဖျော်ရည်နှစ်ခွက်လုံးကို ရေခဲသေတ္တာထဲကထုတ်ခဲ့ပြီး မသောက်ရသေးတဲ့ခွက်ကို ဝမ်မားအားလှမ်းပေးကာသောက်စေသည်..။

" အရသာလေးများ မြည်းစမ်းကြည့်ပါအုံး.."

တစ်ငုံကနေ တစ်ဝက်လောက်ထိ ဖျော်ရည်ကိုသောက်ချလိုက်တဲ့ ဝမ်မားဟာလက်မလေးထောင်လို့ ချီးမွှန်းခဲ့ပါတယ်..။

" သိပ်ကောင်းတဲ့အရသာပဲ..။သားကျန့်လေးက ဒါတွေလည်း လုပ်တတ်တာပဲလား...။ "

" ဟုတ် မာမား...။သားရဲ့မွေးစားမာမားက သင်ပေးခဲ့တာပါ...။ "

" ဟင်..မွေးစားအမေလား ကလေး.."

" ဟုတ်ကဲ့ မာမား.."

ရှောင်းကျန့်လေးရဲ့ စကားလေးကြောင်ရိပေါ်တို့သားမိသားဖသုံးယောက်လုံးဟာ ​ရှောင်းကျန့်ရဲ့နောက်ကြောင်းကို စိတ်ဝင်စားသွားရသည်...။

ရိပေါ်ကိုယ်တိုင်လည်း အရမ်းသိချင်သွားတာမို့ မေးဖို့ဆုံးဖြတ်လိုက်မိတယ်...။သူပြောဖို့ပြင်နေတုန်းမှာပဲ ဖခင်ဖြစ်သူကထ ပြောလိုက်တာမို့ပါးစပ်ပိတ်ထားလိုက်ရ၏...။

" သားရဲ့ မိသားစုအကြောင်းတွေ ဦးတို့ကိုပြောပြနိုင်မလား..။ "

ဝမ်ပါးရဲ့စကားကြောင့် မျက်နှာလေးညိုးကျသွားတဲ့ ကောင်လေးဟာရိပေါ်ရဲ့လက်ဖဝါးတွေကို တင်းနေအောင်ဆုပ်ကိုင်လာပါတယ်...။

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now