💢 Part - 20 💢

5.9K 274 13
                                    

ပြီးပြည့်စုံတဲ့ မိသားစုလေး ။

ရက်ကို လ စား

လ ကိုနှစ် စား

ဥတုရာသီတွေ အလီလီပြောင်းသွားတဲ့အခါ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့ နှစ်ယောက်ရဲ့သားငယ်လေးလည်း ငါးနှစ်အရွယ်သို့ရောက်လာခဲ့တယ်။

ထိပ်တန်းမင်းသားဝမ်ရိပေါ်ဟာ နံပါတ်တစ်ဆိုတဲ့နေရာမှာ တစ်ချိန်လုံးရပ်တည်နေသလို ရှောင်းကျန့်ဟာလည်းအောင်မြင်ဆုံး မိတ်ကပ်ဆရာတစ်ယောက်အဖြစ် ရပ်တည်နေကြ၏။

ဝမ်ရိပေါ်ရဲ့ ရှုတင်ရိုက်ကွင်းတွေနဲ့သီချင်းသစ်တွေက ရတဲ့အခါရှောင်းကျန့်က ကိုယ်တိုင်ပြင်ဆင်ပေးနေတုန်းပါပဲ။ငါးနှစ်သားဝမ်ထုထုလေးကို သွားလေရာခေါ်သွားပြီး သားဖသုံးယောက်ပျော်စရာအချိန်တွေကို အတူတူမျှဝေလာကြတာ နေ့စဥ်ရက်ဆက်ပါပဲ။

ဖိုးဖိုးဖွားဖွားနှစ်ယောက်နဲ့မန်နေဂျာယွီပင်းကလည်း တစ်မိသားစုထဲတစ်အိမ်ထဲမှာ စုပြီးနေကြတာမို့ ပိုလို့ပျော်စရာကောင်းခဲ့တော့သည်။

ခုလည်း နှစ်ကူးအားလပ်ရက်တွေမှာ မိသားစုတွေစုပြီး အိမ်ထဲမှာစားစရာတွေလုပ်စားရင်း တစ်ရက်အချိန်ကုန်ဖို့ ဆုံးဖြတ်ထားကြသည်။နောက်ရက်တွေမှာတော့ ကမ်းခြေကိုသွားပြီးအပမ်းဖြေဖို့ရာ လေယာဥ်လက်မှတ်ကိုကြိုဖြတ်ထားပြီးဖြစ်သည်။

" ဒယ်ဒီ ဘာတွေသောက်နေတာလည်း "

" အဟွတ် အဟွတ်! ! "

" အယ် ဒယ်ဒီကလည်း သီးကုန်ပြီလေ။ထုထုကို ဘာလို့အဲ့လောက်လန့်သွားရတာလည်း "

ရှောင်းကျန့်မသိအောင် ယွီပင်းကိုယ်တိုင်စပ်ထားတဲ့ စပျစ်ဝိုင်နဲနဲကိုခိုးသောက်နေတုန်း ဝမ်ထုထုရဲ့အသံစူးစူးလေးကြောင့် သူခိုးလူမိဖြစ်သွားရတဲ့ဒယ်ဒီဝမ်တစ်ယောက် သီးပါသီးသွားခဲ့ရသည်။သူ့ပါပါးကို တိုင်တော့မဲ့ဝမ်ထုထုကို ရိပေါ်တကယ်ကြောက်ပါသည်။

" အယ် သား ဟို အဟွတ် ဒယ်ဒီလေ "

" ထုထု သိပါတယ် ။ဒယ်ဒီ ဦးဦးယွီလုပ်ထားတဲ့ ဝိုင်တွေသောက်နေတာမလား "

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now