💢 Part - 6 💢 ⚠

15.8K 532 24
                                    

ကျွန်တော်က ကိုယ်ပိုင်တဲ့ Dolly လေး...။

" လာပါ...အိပူရာ....မင်းကို နဲနဲတော့အပြစ်ပေးရလိမ့်မယ်...လာစမ်း....။"

" အ့အ့ အားးး...နားတယ်ဗျိူ့...ဥက္ကဌဝမ်ရေ...။သားလေးတစ်ယောက်ရှိပါတယ် တအားနိုင်စားတာပဲ...။အားး...ကလေးလေး... ကိုယ့်ကလေးလေးရာ....ကိုယ့်ကိုကာကွယ်ပေးပါဆိုမှ...။ "

" ကျွန်တော် ကာကွယ်ပေးတာပဲလေ ဝမ်ကောရဲ့...။ဒါပေမဲ့ ဝမ်ဦးဦးကို မနိုင်ဘူး...။ "

" အီးးးး...ရက်စက်တာ..."

ဝမ်ပါးရဲ့နားရွက်ဆွဲခေါ်ရာနောက်ကို တန်းလန်းလန်းပါသွားရတဲ့ ရိပေါ်ကရှောင်းကျန့်လေးကို ပြန်စ နောက်ရင်းဝမ်ပါးကိုအရှုံးပေးရတာပေါ့....။

ဝမ်မားနဲ့ယွီပင်းကတော့ ထိုမနိုင်စိန်နှစ်ယောက်ကိုကြည့်ပြီး လက်မြှောက်နေရတော့သည်....။

" ကဲ ဝမ်ပါးရေ....သားလေး နားရွက်နာနေပါ့မယ်...။ကလေးများလိုပဲ...။ "

" မရဘူး...။မင်းသားကို အမြဲအရှုံးပေးနေရတာ...။ဒီတစ်ခါတော့ငါနိုင်ပြီ....။ဟားဟားးးးးအိပူ...ဘယ်လိုလည်း အရှုံးပေးလား....။ "

" ပေးတယ် ပေးတယ်...။ကြောက်တယ်လို့ ဥက္ကဌဝမ်ရဲ့....။ "

" သေချာပြီလား..."

" သေချာပါပြီဆို...."

ရိပေါ်မှာ နားရွက်လေးနာလာလို့သာ ဖခင်ကိုအရှုံးပေးလိုက်ရပေမဲ့ စိတ်ထဲကမကျေနပ်တာမို့ ထပ်စ ဖို့သာစိတ်ကူးမိတော့ သည်...။

မျက်နှာပိုးကို မသေနိုင်တဲ့ရိပေါ်က ပြောင်စပ်စပ်ရုပ်နဲ့ ဖခင်နဲ့ခပ်ခွာခွာမှာရှိနေတဲ့ မိခင်အနားသွားကာ ကလေးလိုချွဲပါတယ်...။

ဝမ်မားမှာလည်း သားဖြစ်သူမွှေအုံးမှာကိုသိနေတာမို့ ပြုံးပြုံးလေးနဲ့ ရိပေါ်ရဲ့ပါးဖောင်းလေးကို တစ်ချက်လိမ်ဆွဲလိုက်မိသည်....။

" မား...သားကို အနိုင်ကျင့်တယ်...။မား ယောကျာ်းကိုမဆုံးမ ထားဘူးလား....အဟင့်...."

" ဆုံးမတာမှ ရိုက်ထားလို့ အမာရွတ်တောင်ရှိတာပေါ့ ငါ့သားရယ်....။ "

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now