💢 Part - 19 💢

5.7K 304 20
                                    

ကျွန်တော့် ပဲ့ကိုင်ရှင်က ကို ။

ရှောင်းကျန့်ကို တစ်ခြားကောင်ကကထိကပါးလုပ်ပြီးနောက်ပိုင်း ဝမ်ရိပေါ်ဟာအိမ်ထဲမှာပဲအမြဲထားခဲ့ပါတယ်။ရှုတင်တွေရှိနေလည်း နေ့လည်တစ်ဖြတ်နားချိန်တွေနဲ့ မိတ်ကပ်ပြန်ဖြည့်ရမဲ့အချိန်တွေမှာ အိမ်ကရှောင်းကျန့်ဆီမမောမပြု ပြန်လာရှာတယ်။မိတ်ကပ်ဆရာအသစ်လည်းထပ်မခေါ်ဘဲ ဒီတိုင်းနေကာဘယ်လောက်ဝေးဝေးပြန်လာတယ်။နယ်ဘက်တွေလိုက်ရမှသာ ယွီပင်းကိုနည်းနည်းပါးပါး ပြန်ပြင်ခိုင်းတာရှိသည်။တော်တော်ကဲသဲလွန်းတဲ့ ကို ။

ရှောင်းကျန့်နေရာကို ဘယ်သူ့မှအစားမထိုးနိုင်လို့ဆိုပြီး သူ့ဟာသူတစ်ယောက်ထဲ ဖြစ်သလိုရှုတင်သွားခဲ့တာ။သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေသလိုဇာတ်ကားကို ပြီးဆုံးအောင်ရိုက်ခဲ့တယ်။ဒီနေ့ဆိုရင် ရှောင်းကျန့်ခွဲခန်းဝင်ရမဲ့နေ့လည်းဖြစ်သလို ရိပေါ်ရိုက်လက်စ ဇာတ်ကားရဲ့ရိုက်ကူးရေး နောက်ဆုံးနေ့လည်းဖြစ်သည်။

ရှောင်းကျန့်က ဝမ်ပါးနဲ့မားရယ်အိမ်တော်က အလုပ်သမားနှစ်ယောက်ရယ်နဲ့ဆေးရုံက VIP Room မှာရောက်နှင့်နေပြီ။ဝမ်ရိပေါ်ကလည်း ရိုက်ကူးရေးပြီးတာနဲ့တစ်ပြိုင်နက် အိမ်တော်တောင်မပြန်နိုင်ဘဲ ဆေးရုံကိုချက်ချင်းလိုက်လာခဲ့သည်။ပင်ပမ်းတာတွေဘာတွေ သူမသိတော့ဘူး။ရင်ထဲမှာ ယောကျာ်းပေါက်စ လေးနဲ့သားလေးကိုသာ စိတ်ပူစိုးရိမ်သည်။

ဆေးရုံထဲရောက်တော့ ကောင်တာမှာရှောင်းကျန့်ရှိရာအခန်းကိုမေးပြီး ခပ်မြန်မြန်ပဲရောက်လာခဲ့တော့တာ။အခန်းထဲဝင်လာတဲ့ ဝမ်ရိပေါ်ကို ဝမ်မားကမျက်လုံးပြူးကြည့်လိုက်တယ်။အရေးတကြီးနိုင်ပြီး ကိုပျာယာဖြစ်နေတာကိုး ။

" ကလေးလေး ကိုယ့်ဗိုက်ဗိုက်လေး "

" ဟော ကို လာပြီပဲ။မောနေပြီလား ကို။ရေကိုပြန်မချိူးခဲ့ဘူးနော် ငါ့ယောကျာ်းကတော့လေ "

" အ့တာတွေ အချိန်မပေးနိုင်ဘူးကလေးရယ်။မင်းကိုစိတ်ပူတာကွ။ဘယ်လိုလည်း နေရတာသက်သာရဲ့လား။အထဲက ပိစိအရမ်းတိုးသေးလား။ကိုယ့်ကိုပြော သူသောင်းကျန်းနေရင် ကိုယ်ရိုက်ပေးမလို့ "

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now