💢 Final Part 💢

10.1K 348 54
                                    

မိသားစုမရှိ တစ်ကောင်ကြွက်ကျွန်တော့်ဘဝလေးကို နွေးထွေးတဲ့မေတ္တာနဲ့စစ်မှန်ဆုံးအချစ်တွေကို အလုံးစုံပုံအပ်ပေးခဲ့တဲ့ကို့ ကိုပြောမပြတတ်အောင် ချစ်ပါ၏။

တစ်လွှာထဲဖြစ်နေတဲ့ ကျွန်တော့်ဘဝလေးကို တစ်ရွက်ထဲလေးဖြစ်သွားအောင် ကို ဆိုတဲ့အလွှာလေးနဲ့လာပေါင်းပေးလို့ ကျေးဇူးလည်းတင်ပါတယ် ကို။

အထက်တန်းစားတွေပဲရှိနေတဲ့ ကိုတို့အသိုင်းဝိုင်းမှာ လူဝင်ဆန့်အောင်အများကြီးဂရုစိုက်ပြီးချစ်ပေးခဲ့တာရော၊ကို့ မိဘ ကျွန်တော့်ယောက္ခမတွေကလည်း သားသာမက်ဆိုတာထက်ပဲ သားအရင်းလေးလိုချစ်ပေးခဲ့တာတွေအတွက်ရော ကျေးဇူးအများကြီးပါခင်ဗျာ ။

ကျွန်တော့်ဘဝရဲ့အရာရာသည် ကို့ကြောင့်ဖြစ်တည်လာ၏။ကျွန်တော့်အနာဂတ်ရဲ့လှပမှုလေးသည် ကို ဖန်တီးယူသည့်အရာဖြစ်၏။(ထို့ကြောင့် ဒီ Fic လေးသည်လည်း ကို့ ကိုအကြောင်းပြု၍ ကို ဟူသောနာမ်စားလေးကို Fic Name ယူထားခြင်းဖြစ်သည်။)😊

" ယွီပင်းရေ လိုက်အုံးမလား "

" ဘယ်ကိုလိုက်ရမှာတုန်း ငါက "

" အဟက် မင်းကလည်းကွာ "

ဧည့်ခန်းထဲမှာ ပါးနဲ့မားနဲ့အတူ စကားပြောနေတဲ့ယွီပင်းကို ခေါ်တော့မဲ့ရွဲ့ပြီးငြင်းဖို့ပြင်နေတာမို့ ရိပေါ်ဇွတ်ခေါ်ဖို့တွေးလိုက်မိသည်။

" ကွာမနေနဲ့ ကျေးဇူးရှင်။ငါမင်းတို့နဲ့လိုက်ခဲ့ရင် ငါပဲမျက်နှာငယ်ရတယ်။မင်းတို့ရှို့သမျှ ငါလောင်ရတာပါပဲ။အားအားယားယား လာခေါ်မနေနဲ့မလိုက်နိုင်ဘူး။သွား သွားကြ "

" ရော် မဟုတ်သေးဘူးလေ သားယွီ။မင်းက အိပူတို့နဲ့ဘာလို့မလိုက်ချင်ရတာတုန်း။ဘာတွေလောင်ရလို့တုန်းကွ "

" ဟုတ်ပါ့ အန်တီတို့ကိုပြောပါအုံး "

ဝမ်ပါးနဲ့မားက မေးလေးတော့ယွီပင်းရဲ့မျက်နှာကြီးပိုလို့ရှုံ့မဲ့သွားကာ ပြိုတောမဲ့မိုးလိုဖြစ်လာပါတော့သည်။ရိပေါ်နဲ့ရှောင်းကျန့်ကတော့ သူ့ကိုကြည့်ပြီးမရယ်မိအောင်ထိန်းနေရတာ သိပ်မလွယ်လှပါဘူး။ရယ်လိုက်မိရင် ယွီပင်းလေးပိုအားငယ်သွားတော့မှာ ။😂

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now