💢 Part - 13 💢

6K 474 10
                                    

         Fan တွေရဲ့ ချစ်မဝလေး ကျွန်တော့်ရဲ့ကို...။

        ဂျပန်လေဆိပ်မရောက်ခင် လေယာဥ်ပေါ်မှာတင်ပဲ ရိပေါ်ကအဝတ်စားတစ်စုံ ထပ်လဲထားလိုက်၏...။

        လေဆိပ်ရောက်ရောက်ချင်းမှာလည်း နုတ်ဆက်ခြင်းအနေနဲ့ ဂျပန်က Fan တွေကြိုဆိုနေမှာမို့ သီချင်းဆိုပြစရာရှိနေသည်...။

        ဒါကြောင့် ကြိုတင်ပြင်ဆင်ကာ သီချင်းဆိုဖို့အဆင်သင့်လုပ်ထားမိသည်...။

        " ရိပေါ် ဂစ်တာက ငါယူခဲ့လိုက်မယ်..။မင်းနဲ့ရှောင်းလေးနဲ့ အရင်ဆင်းသွားလိုက်နော်...။ "

        " အေး ယွီပင်း.."

        လေဆိပ်ကို လောယာဥ်ဆိုက်တာနဲ့ ရိပေါ်ဆင်းမဲ့လေယာဥ်တံခါးဝ ကနေသီချင်းဆိုရမည့် စင်မြင့်လေးရောက်တဲ့အထိ Fan တွေအများကြီးပြည့်ညှပ်နေကြတာကို အားရစရာမြင်တွေ့လိုက်ရတယ်...။

        ဂျပန်နိုင်ငံရောက်တစ်ရုတ် Fan တွေရော၊ဂျပန်က Fan တွေရောစုပြီးရောက်နေကြတော့ လူဦးရေကအဆမတန်များနေသည်...။

        ရိပေါ်က လေဆိပ်တံခါးမှလှေကားအတိုင်းဆင်းလာခဲ့ပြီး အားပေးကြိုဆိုနေကြတဲ့သူ့ ပရိတ်သတ်တွေကို လက်ပြနုတ်ဆက်လိုက်တယ်...။

         ငါတို့ရဲ့ဝမ်ကို ဂျပန်နိုင်ငံမှ ကြိုဆိုပါတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ထားကြတဲ့ လူတွေကြောင့် ရိပေါ်ပင်ပမ်းနေတာတွေ တကယ်ကိုလွင့်စင်ပျောက်ကွယ်သွားရတဲ့အထိ ကြည်နူးရပါသည်...။

        သူဟာ တကယ့်ကိုနိုင်ငံတစ်ကာထိ လူတွေရဲ့အချစ်ခံလေးဖြစ်နေတာမို့ပါ...။

        သီချင်းဆိုမဲ့ စင်မြင့်ပေါ်တက်လိုက်တော့ ရှောင်းကျန့်ကရိပေါ်အား မိတ်ကပ်အနည်းငယ် ဖြည့်ဖို့ သီချင်းဆိုဖို့ ခဏစောင့်ဆိုင်းခိုင်းလိုက်တယ်..။

        " ကို...Lip Colour လေးနဲနဲဖြည့်ရအောင်...။ကို့ နုတ်ခမ်းလေးကရဲပြီးသားပေမဲ့ ညပိုင်းဖြစ်နေပြီမို့ အရောင်လွင်နေရင်ပိုပြီးအဆင်ပြေလိမ့်မယ်...။ "

        " ဟုတ်ကဲ့ခင်ဗျ..."

        " လိမ္မာနေချက်က...ပွဲပြီးမှ ဆုချမယ်...။"

💢🔞 ကို 🔞💢 COMPLETEDजहाँ कहानियाँ रहती हैं। अभी खोजें