💢 Part - 15 💢

6.7K 305 13
                                    

ကျွန်တော့်ရှေ့က ရန်သူမှန်သမျှကို ကာကွယ်ပေးမဲ့ ချစ်ရတဲ့ ကို ။

ညက အချစ်နယ်ကျွံထားလို့ ပင်ပမ်းထားတာမို့သူတို့တွေ တော်တော်လေးနောက်ကျမှ ထ ဖြစ်ခဲ့ကြတယ် ။ဒါပေမဲ့အိပ်ပုတ်လေးက မနိုးသေးသောအခါ ဝမ်ရိပေါ်ကစိတ်ရှည်လက်ရှည် နှိုးရပြန်ပါတယ် ။စူပုပ်ပုပ်မျက်နှာလေးနဲ့ ဘာကိုအလိုမကျဖြစ်နေမှန်းမသိဘဲ အိပ်ပျော်နေတာလေးက သိပ်ချစ်စရာကောင်းသား ။နုတ်ခမ်းပါးလေးကို လက်မလေးနဲ့ပွတ်ပြီးမြတ်နိုးစွာ နမ်းမိပါရဲ့ ။ကိုယ် သိပ်ချစ်လိုက်တာကျန့်ငယ်ရယ် ။

" ကလေးလေး ကိုယ့်ဘေဘီလေးရေ ။ထတော့ဗျ ကလေးလေးသွားချင်တဲ့နေရာတွေ ကိုယ်လိုက်ပို့မယ်လေဗျာ ။ကိုယ့်ကလေး စူပုပ်လေး ထပါတော့ဗျ "

" ဟင်းးးး အိပ်ချင်သေးတယ် ။ကို ကဘာလို့လာနှိုးနေတာလည်း ဟင့် "

" ဟောဗျာ လည်လည်မသွားဘူးလား ဗျ "

" အွန်းးး အဟင့် အိပ်အုံးမယ် ငါးမိနစ် "

" ကြည့် တကယ်ကလေးလေးကွာ "

ရိပေါ်က အနုညံ့ဆုံးလေးအိပ်ယာနှိုးတော့အဆိုးလေးက မထချင်သေးတာကြောင့် ဟိုလှိမ့်ဒီလှိမ့်နဲ့ နောက်ဆုံးရိပေါ်ရင်ဘက်မှာ မျက်နှာလေးပြန်ကပ်လို့ အိပ်သွားပြန်တယ် ။ဒီဟာလေးကို ဆက်ပြီးအလိုလိုက်နေရင်တော့ ဒီနေ့လျှောက်လည်ဖို့ ဘယ်မှတောင်သွားရတော့မှာ မဟုတ်ဖူး ။ဒါကြောင့် ရှောင်းကျန့်ရဲ့နှာခေါင်းချွန်ချွန်လေးကို အသာညှစ်ဆွဲလိုက်တော့ ခုနကထပ်မျက်နှာလေးက ရှုံ့မဲ့သွားတော့သည် ။

" ဟင့် ကိုကကွာ မနှိုးပါနဲ့ဆိုတာကို ဟင့် ငိုလိုက်မှာ "

" ဟုတ်ပါပြီဗျာ ဒါဆိုလည်းတစ်ချိူ့ကလေးလေးတွေ သွားချင်နေတဲ့ဆာကူရာပန်းတောကြီးထဲရယ်၊တိရိစ္ဆာန်ဥယာဥ်ကြီးထဲရယ် အင်းလေ ကိုယ်လိုက်မပို့တော့ပါဘူး "

" ဟင်! ဆာကူရာ၊တိရိစ္ဆာန်ဥယာဥ် "

" ဟာ ဖြေးဖြေးထ လေဗျာ "

ထိုအသံလေးကြားကာကျမှ ရိပေါ်ရင်ခွင်ထဲကနေ ငေါက်ကနဲထ ထိုင်ကာမျက်နှာလေးကရွှင်ပြလာပါ၏ ။သြော် ဆေးစွမ်းလိုက်ပုံများနော် ယောကျာ်းဖြစ်တဲ့ကျူပ်တောင် သူ့ကိုအဲ့လောက်မစွဲဆောင်နိုင်ဘူး ။တကယ့် မလွယ်ကြောလေးပဲ ။အိပ်ယာနိုးနိုးချင်းမို့ ခေါင်းတွေမူးသွားမှာကိုစိတ်ပူတာကြောင့် ရှောင်းကျန့်ခေါင်းလေးကို ထိန်းကိုင်ပေးထားတဲ့အမောင်ရိပေါ်က လောကကြီးမှာချစ်တတ်ဆုံး ယောကျာ်းပါ ။

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now