💢 Part - 11 💢

6.2K 384 7
                                    

        ကို့ ရဲ့အနားက အမြဲတမ်းပါရမီဖြည့်ဖက်လေးဖြစ်ပါရစေ...။

        " ကို....ထတော့လေ...ကိုလို့...ထတော့ဗျ...။"

       မွှေးမြချိူအီနေတဲ့ ရနံ့လေးနဲ့အတူပါးပြင်ကိုအနမ်းလေးပေးလို့ နှိုးလာတဲ့ကောင်လေး...။

       ဒီနေ့မနက်ခင်းလေးက ထိုကောင်လေးကြောင့် သာယာအေးချမ်းလို့နေပါပြီ...။

       ရေချိူးပြီကာစ ကောင်ငယ်လေးရဲ့ကိုယ်သင်းရနံ့လေးနဲ့ အေးနေတဲ့ခန္ဓာကိုထိတွေ့နေရတာ တကယ်သမာဓိအားမကောင်းဘူး...။

       " ကို....ထ တော့ပါဆိုနေမှ...။၇ နာရီထိုးနေပြီ...။လေယာဥ်ချိန်က ၁၀ နာရီ...။ကို ရေချိူးမှာနဲ့၊မိတ်ကပ်လိမ်းရမှာနဲ့၊အဝတ်စားဝတ်ရမှာနဲ့၊မနက်စာ စားမှာနဲ့၊လေဆိပ်သွားရမှာ အင့်.....ကို...."

        တကယ်ပဲကွာ....။

        အိပ်ကောင်းခြင်းမလှ ကောင်းကောင်းမအိပ်ရ...။ဘေးနားကနေ ပုကျုပုကျု နဲ့ပြောနေတဲ့ဟာလေးကို ရင်ခွင်ထဲဆွဲချကာ တင်းနေအောင်ဖက်ပြစ်လိုက်တော့တာ....။

        အင့်ကနဲနေအောင်ကို အားကြီးနဲ့ဖက်ပစ်တာမို့ ထိုဟာလေးမလှုပ်သာတော့ပါဘူး... ။

        " အဟင့်...ကိုက...လူယုတ်မာကြီး...သူများကို သူ့အားကြီးနဲ့...."

        " ဘာလို့စကားတွေ တအားများနေတာလည်းပြော...။ကိုယ် အိပ်နေတာလေကွာ.."

        " ဟင့်..ဟင့်...ဆူတယ်...။ကလေးကို ဆူတယ်...အီးးး...။ "

        " ဆူတာမဟုတ်ဖူးလေ ချစ်သူရယ်...။မငိုရဘူးလေကွာ...။တိတ်ပါ ကလေးငယ်ငယ်..။ကိုယ်က ဒီတိုင်းပဲပြောလိုက်တာပါဗျာ...။မွ....😚 ကိုယ်သိပ်ချစ်တယ်နော် ကလေးလေး...။မငိုပါနဲ့တော့ဗျာ..."

        လေသံမာမာလေးနဲ့ စ နောက်မိတာကိုဆူတယ်မှတ်ပြီး တကယ်ငိုသွားတဲ့ရင်ခွင်ထဲက ချစ်မဝလေးကို ထွေးပွေ့ရင်းပါးလေးကို အနမ်းလေးပေးလိုက်မိတယ်...။

        ကိုယ့်ကြောင့် ကျရတဲ့မင်းမျက်ရည်လေးတွေ ကိုယ့်အနမ်းတွေနဲ့ပဲ ​ခြောက်သွေ့ပါစေ ချစ်သူ...။

        ကိုယ်လုံးလေး တသိမ့်သိမ့်တုန်ပြီး ငိုနေတာလေးကြောင့် ရိပေါ်တကယ်သနားသွားရ၏...။

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now