💢 Part - 4 💢 ( Uni )

10.6K 553 45
                                    

         ကိုဟာ ကျွန်တော့်ကိုတိုက်ခိုက်မှုတွေမှ ကာပေးထားတဲ့ မဟာတံတိုင်းကြီး....။

      " ကိုယ့် ယောကျာ်းလေး...။ချစ်တယ်...မွ..."

      " အိုက်ရား....ကို ဘယ်လိုဖြစ်နေတာလည်း...။တော်ကြာယွီကော ပြန်လာတော့မယ်....ဇွတ်လိုက်နမ်းနေတာပဲ...။"

      နှစ်ယောက်သား သန့်ရှင်းရေးလုပ်ပြီးနေ့လည်စာစားဖို့အတွက် ယွီပင်းပြန်အလာကိုစောင့်နေကြသည်...။

      ဒါကိုရိပေါ်က အညိမ်မနေဘဲရှောင်းကျန့်ကိုယောကျာ်းလေးလို့ခေါ်ပြီး လည်တိုင်လေးတွေပါးလေးတွေကိုလိုက်နမ်းနေတာ...။

      " အာ....ကလေးပဲ သင်ပေးထားတာလေ...။"

      " ဘယ်မှာသင်လို့လည်း....ကို့ဘာသာတတ်နေတာ...။ "

       " ကလေးနော်....လူကြီးကိုမနောက်ရဘူး...။ကလေးပဲခုနက ...အားး ယောကျာ်းရေ...ကောင်းတယ်ဆို....။သူပဲပြောပြီး...။ "

      " ဟာ...ကိုနော်...ဘာတွေလျှောက်ပြောနေတာလည်း....အဲ့ဒါ အဲ့ဒါ...ဟာ..အဲ့တုန်းကပြောတာလေ....ရှက်လို့သေတော့မယ်...။ "

      ရိပေါ်ရဲ့ရုပ်တည်ကြီးနဲ့ စနောက်မှုကြောင့် ရှောင်းကျန့်လေးတအားရှက်ပြီး မျက်နှာလေးအောက်ငုံ့ချကာ ရိပေါ်အားမကြည့်ရဲတော့...။

      ရိပေါ်ကလည်း အရှက်သည်းနေတဲ့ သူ့ကောင်လေးကို အသဲတွေယားပြီးချစ်မဝနိုင်ဖြစ်ရသည်..။

      " ကြည့်ပါအုံး ကလေးရဲ့...။ဘာလို့ အဲ့လောက်ထိရှက်နေရတာလည်းကွာ....။အတူတူတောင်နေပြီးပြီ....။ "

       " သိဘူး...။ပြန်မပြောနဲ့လေ ရှက်စရာကြီးကို....ဘာမှန်းလည်းမသိဘူး...။ "

       " ဒါလေး ပြောတာကို..."

       " ကို နော်....."

       " ယောကျာ်းလို့ခေါ်...."

       " ဟင့်...လူယုတ်မာကြီး ကိုက..."

       " အင်း ယောကျာ်းလို့မခေါ်ရင် ထပ်ယုတ်မာမယ်ကွာ...."

       " အဲ့ဒါ ကို အနိုင်ကျင့်တာ..."

       " ခေါ်မှာလား မခေါ်ဘူးလား..."

       " ဟင်အင်း...ခေါ်ဘူး.."

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now