Chapter - 47

4.6K 415 67
                                    

Unicode
~~~~~~~

လင်းထက်ရောက်လာပြီးနောက် တရားခံကိုကြမ်းပြင်ပေါ်မှာ ဒူးထောက်ကာထိုင်စေပြီး လက်ပြန်ကြိုးတုတ်ထားလိုက်သည် ။ ဧကရာဇ်မောင်ထံက  Pheromone ရနံ့တွေက အဆင့်နိမ့်အယ်ဖာကို အားအင်ရော့နည်းပြီး ခုခံနိုင်စွမ်းမရှိသည်ထိ ဖိနှိပ်ထားနိုင်သည် ။ ထိုလူရဲ့ခန္ဓာကိုယ်မှာလဲ သွေများပေနေပြီး မျက်နှာကရောင်ကိုင်းကာ မျက်လုံးပင်အနိုင်နိုင်ဖွင့်နိုင်သည် ။

" သခင်ကြီး … ဘယ်လောက်တောင် ထိုးလိုက်တာလဲ "

လင်းထက်ကမနေနိုင်၍ မေးလိုက်ခြင်းဖြစ်သည် ။

" မင်းပါးစပ်ပိတ်ထား "

သခင်ကြီးဒီလောက်ထိ ဒေါသထွက်ကာလက်လွန်ထားပုံပေါက်ရင် ဒီလူကသခင်ကြီးရဲ့မိသားစုကို အပြစ်လုပ်ထားမှန်းသိလိုက်သည် ။

" ကျွန်တော်သူ့ကို ရှင်းလိုက်ရမလား "

" မလိုဘူး … သူ့ကိုမုဒြာရှေ့မှာတောင်းပန်ခိုင်းရဦးမယ် … သူ့ကိုစောင့်ကြည့်ထား "

" ဟုတ်ကဲ့ "

ဧကရာဇ်က လင်းထက်အား သေခြာစောင့်ကြည့်ထားဖို့မှာကြားကာ ကုတင်ပေါ်မှာလှဲနေတဲ့ မုဒြာဆီထွက်လာသည် ။ ကုကုလေးက ကြောင်လေးကိုပွေ့ချီထားပြီး မုဒြာအားစိုးရိမ်ကြီးစွာဖြင့်ကြည့်ရင်း ဧကရာဇ်မောင်ဝင်လာတော့ အားကိုးတကြီးကြည့်လာသည် ။ 

" ဦးဦး … ပါပါးမှာနာနာကြီးနဲ့ … ပါပါးကိုကယ်ပေးပါ "

မုဒြာပခုံးကဒါဏ်ရာက ခုံစောင်းနဲ့ထိမိကာ ယောင်နေသည် ။ မုဒြာလဲနာကျင်နေတာကြောင့် ခနမှိန်းနေသည် ။ ဒီအဖြစ်အပျက်က သူ့အားကြောက်ရွံ့စေတာတော့အမှန်ပင် ။

" မုဒြာ … နာနေသေးလား "

" အင်း "

" ကိုယ်ဆေးလူးပေးရမလား "

" မလိုဘူး … ခနအနားယူလိုက်ရင် ပျောက်သွားလိမ့်မယ် … ခများလဲအိမ်ပြန်တော့ "

ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC ) Unde poveștirile trăiesc. Descoperă acum