ဒီနေ့ ကောင်းပြည့်လေးဆီ ရဲရင့်နဲ့အတူ Dr.ဧကရီ ခွင့်ပြုချက်ဖြင့် ကောင်းစစ်ဟန်သာကို တွေ့ခွင့်ရခဲ့သည်။ ကောင်းပြည့်ကို ကိုယ်တိုင်တောင်းပန်ချင်တဲ့စိတ်၊ တစ်ချိန်က ကိုယ်တွေကြောင့် နာကျင်ခဲ့ရတဲ့ ကောင်ငယ်လေးက ခုတော့ အပြောင်းလဲကြီး ပြောင်းလဲကုန်ပြီ။အားနာစိတ်တွေ ၊ တောင်းပန်ချင်စိတ်တွေကို သည်ကောင်လေးရှေ့ ချပြတောင်းပန်မိတော့ နားလည်မူတွေ ပေးပြီး မေတ္တာတရားကြီးမားပုံကို လက်တွေ့ပြလိုက်သည်။ ကိုယ်တွေ အသုံးမကျမူကို ထောက်ပြသည့်အလား ရှက်ရွံ့မိသည်။ မြတ်နိုးစရာ ကလေးငယ်ကို ကြည့်ပြီး ပျော်စရာမိသားစုလေး ၊ စကားသိပ်တက်တဲ့သားငယ် စကားတွေက ကြားရသူအဖို့ နှလုံးသားပါသူတိုင်းချစ်ကြလိမ့်မယ်ထင်တယ်။
ကောင့်ပြည့်လေး အပေါ် အားနာစိတ်တွေကြီးစိုးနေတဲ့ အချိန် ကောင်းစစ်ဟန်သာရဲ့စကားတွေကြောင့် လင်မယားနှစ်ယောက်လုံး နှလုံးသား အရည်ပျော်လုနီးနီး။
ကလေးချစ်တက်တဲ့ ဒေါက်တာ မြမြင့်မိုရ်ရိပ် တစ်ယောက် ဒီတနေ့လုံး ကောင်းစစ်ဟန်သာနဲ့ သက်ဆိုင်သော စကားလုံးတွေ စီနေမည်ဆိုတာ သူ့မ မျက်ဝန်းကိုတချက်ကြည့်ပြီး သုံးသပ်နိုင်သည်။ ဤသို့ ဖြစ်လာသည်ကားလည်း ရိပ်အမှားမဟုတ်ခဲ့၊ ကလေးချစ်တက်တဲ့သူကို ချစ်စရာ အသွင်အပြင်နှင့်တီတာစကားတို့ကြား မျှော ခဲ့ရသည့် သည်နေ့တွေ့ဆုံမူ၊ ကောင်းစစ်လေး ၏ စကားကြွယ် သိတက်မူတို့ကား Dr.ရိပ်နှလုံးသားကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီ။
" မောင်...."
" ရိပ် ...ပြောလေ ...တွေ့ခဲ့တဲ့ ရဲရင့် သားအကြောင်း ပြောမလို့ ဟုတ်လား "
" အင်း..ဟုတ်တယ် ရိပ် ဘေဘီဟန်သာလေးကို သိပ်ချစ်တာပဲ သိလား ၊ မြင်မြင်ခြင်းကို ပွေ့ဖက်နမ်းပစ်ချင်တာ မျက်တောင်လေးကအစ တစ်ကိုယ်လုံး အလှတွေ စီခြယ်ထားသလား အောင့်မေ့ရမယ် လှရက်နိုင်လွန်းလို့ မောင်ရယ် ၊ ရိပ်...လေ မဖြစ်နိုင်မှန်းသိရက်...ဘေဘီဟန်သာလေးကို အိမ်ခေါ်ပြေးချင်တော့ အသံလေးက ချိုချိုလေးမို့ သိပ်ချစ်တာပဲ"

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...