အပိုင်း(၅၅)

12.8K 778 58
                                    


( Hello..ပေါ်တော်မူမမ ပေါ်လာပါပြီ၊  "မြတ်နိုးခြင်း" ဆိုတဲ့ ကဗျာမဟုတ်၊ စာမဟုတ်လေး
အပေါ်မှာ ချပြထားတယ် ဖတ်ပြီး ဝေဖန်ပေးပါအုံးလို့ ...နောက်ပြီး ဆက်ချစ်ပေးအုံးနော် )

Private ဆေးရုံကြီး၏ VIP လျှောက်လမ်းတစ်ခုမှာ အားပေးနေသံသည်ကား မတိုးလွန်းမကျယ်လွန်း၊ စိုးရိမ်သံ မေတ္တာတရားတို့ ထုံလွှမ်းပြီး တဖက်လူကို အားပေးနေသော Dr.တည်မြဲ။

" ကောင်းပြည့် ...ဘာမှ မဖြစ်ဘူး မကြောက်နဲ့ နော်၊ အစ်ကို ဘေးမှ ရှိနေမယ်"

" ဟုတ်အစ်ကို...မကြောက်ပါဘူးဗျ၊ အနာရှိ ဆေးရှိမှာပဲ လေ ၊ အဆင်ပြေပါတယ် "

" ခင်များလေး သန်မာတာ သိပါတယ်ဗျာ....လာ သွားရအောင်"

ဒီနေ့ ဆေးစစ်ကြည့်ချင်တယ် ပြောလာတဲ့ ကောင်လေး ကို ကျွန်တော့်ထိုင်နေကြ Private ဆေးရုံကြီးကို ခေါ်လာမိသည်၊ ဦးခေါင်းပိုင်းဆိုင်ရာ ကျွမ်းကျင်သော ပါရဂူတစ်ဦးဖြင့် တွေ့ဆုံ စစ်ဆေးဖို့ ကြိုတင်ရက်ချိန်းယူပြီး ခေါ်လာမိခြင်း။ ကိုယ်တိုင်က ဆရာဝန်ဆိုပေမယ့် ကိုယ်ချစ်တဲ့သူတွေ ဆေးစစ်ချက်ကို ကိုယ်တိုင်စစ်ဆေးဖို့ သတ္တိနည်းခဲ့ ပြန်ပြီ။ လူနာအမျိုးမျိုးကို တည်ငြိမ်စွာကုသပေးနေတဲ့ ကျွန်တော်က မြတ်နိုးသူလေး တခုခုဖြစ်မှာကို ကြောက်အားကြီးနေပြီ၊ စိတ်ကို အကောင်းဆုံးပြင်ဆင်ပြီး သည်ကောင်လေး မကြောက်ဖို့ရာ ဘေးကနေအားပေးရင်း ကိုယ်တိုင်သည်ကား ထိတ်လန့်နေပြီ။ ခက်ခဲစွာ ထိမ်းထားသော စိုးရိမ်စိတ်တို့မျက်နှာပေါ် မထင်ဟပ်နိုင်အောင်ကြိုးစားရင်း ကြီးမားသော ကျန်းမာရေးပြသနာ ဘာတစ်ခုမှ မဖြစ်ပါစေနဲ့ ဟူ၍ တိုးတိတ်စွာ တောင်းဆုပြုရင်း ။

" Sir'.."

"လာထိုင်ပါ ...Dr.တည်မြဲ"

"........."

" စောင့်နေတာကြာပြီလား Dr."

" မကြာသေးပါဘူး ၊ ကျွန်တော်တို့ ခုပဲရောက်တာ Sir'.."

" ..........."

အစ်ကိုနှင့် Professor တို့ နူတ်ဆက်စကားပြောနေချိန် အစ်ကိုဘေး တစ်တဆိတ် ထိုင်ပြီးငြိမ်နေလိုက်သည်၊ ရင်းနှီးနေဟန်ရှိသည့် နူတ်ဆက်စကားတို့ကြောင့် ကြောက်စိတ်တို့အနည်းငယ် ပြယ်ပျောက်ကုန်မိ၏။

ချစ်ခြင်းတို့အလွန် Where stories live. Discover now