Chapter - 48

2.8K 267 48
                                    

Unicode
~~~~~~~~

ဧကရာဇ်မောင်တစ်ယောက် မုန့်ဆိုင်သို့ တံခါးမရှိဓားမရှိ ဝင်ထွက်ခွင့်ရသည်နှင့် အခွင့်အရေးကိုအရယူကာ တစ်နေ့လုံးမပြန်တော့ပေ ။ ကံဆိုးတာက မုဒြာက ဆိုင်မှာတစ်နေ့လုံးရှိမနေပဲ ကျောင်းကိုနေ့တစ်ဝက်သွားရောက်လုပ်ကူနေသည် ။

ဧကရာဇ်မောင် လိုက်ပြီးကူညီချင်ပေမဲ့ သူ့လုပ်ရပ်တိုင်းက လွဲမှားကာ ဒုက္ခပဲပေးနေမိ၍ မုဒြာကဆက်ပြီးမကူညီဖို့ တားမြစ်ထားသည် ။ ဒါကြောင့် မုဒြာနဲ့သားလေး ကျောင်းကပြန်အလာကိုသာ ဧကရာဇ်မောင် မုန့်ဆိုင်ကနေ စောင့်မျှော်နေလိုက်သည် ။

မုန့်ရောင်းသည့်ဝန်ထမ်းမလေးတွေ ဧကရာဇ်မောင် ဘယ်လောက်ပင်ရုပ်ဖျက်ပြီးရောက်လာပါစေ အကြည့်မပျက်ပဲငေးကြည့်နေတတ်ကြသည် ။ ချောမောခန့်ညားသည့် လူချောကြီးထံကနေ အကြည့်မခွာနိုင်ကြတာ အဆန်းတော့မဟုတ်လှပေ ။

အမလီကတော့ လူတွေအများကြီးနဲ့ပေါင်းသင်းဆက်ဆံခဲ့ကာ ကျော်ကြားသည့်မျိုးနွယ်စု ( Alpha/Omege ) တွေကြားမှာ ရှင်သန်လာသူမို့ ဧကရာဇ်မောင်လို သန်မာသည့် အယ်ဖာတစ်ယောက်ကိုမြင်ရတာ သိပ်ပြီးမထူးဆန်းတော့ပေ ။

" Hi ! လူချောလေး … ဒီနေ့လဲ အစောကြီး ရောက်လာပြီလား "

အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့အမလီက ဝတ်ပုံစားပုံကအစ ခေတ်မှီကာ ကိုယ်နှုတ်အမူအယာအားလုံးက လူတွေကိုပြုံးရယ်အောင် စွမ်းဆောင်နိုင်သည် ။ သူမမှာ ဆွဲဆောင်မှုရှိတဲ့ အိုမီဂါရနံ့မရှိတာ နှမြောစရာကောင်းလှသည် ။ သူမသာ ဘီတာမဟုတ်ပဲ အိုမီဂါတစ်ယောက်ဖြစ်နေလျှင် အင်အားကြီးအယ်ဖာရဲ့ ဇနီးမယားဖြစ်နေနိုင်သည် ။

ဧကရာဇ်မောင်ကတော့ သူ့မျက်လုံးထဲမှာ ကုမုဒြာဆိုတဲ့ ပန်းကလေးတစ်ယောက်သာရှိနေ၍ ဘယ်လောက်လှပသည့်အရာတွေကို တွေ့နေရပါစေ ဂရုပင်မစိုက်ပေ ။ အမလီဟာ သူ့ရဲ့ပန်းကလေးကို သူအနားမှာမရှိပေနိုင်ခဲ့စဉ်တစ်လျှောက်လုံး ဂရုစိုက်စောင့်လျှောက်ပေးခဲ့သူမို့ ကျေးဇူးတင်သည့်စိတ်တစ်ခုသာရှိနေသည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now