4.2K 135 5
                                    

'ရှပ် ရှပ် ရှပ်'

ခြေသံတရှပ်ရှပ်အသံများသည် သူမနောက်မှထပ်ကြပ်မကွာလိုက်နေ၍ သူမသည်လဲ ခြေဖဝါးများပေါက်ပြဲသွေးထွက်သည်အထိပြေးနေမိသည်။ ဘာကြောင့်သူမပြေးနေသနည်း။ အနောက်မှလိုက်သည့်သူများကကော ဘာအကြောင်းကြောင့်သူမနောက်သို့လိုက်နေရနည်း။ ပါးပြင်ပေါ်၌လဲမျက်ရည်စီးကြောင်းများစွာ။ အသက်ရှုကျပ်လာရပါသောအခေအနေ။ လေးပင်လာသောကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် မူးဝေလာသည့်သူမဟန်ပန်သည် ဆက်ပြေးရန်မသင့်သည့်အခြေအနေဖြစ်၍ ပုန်းခိုလို့ရမည့်နေရာအားအမြင်အာရုံဝေ့ဝိုက်ကာရှာဖွေလေတော့ အနီရောင်မှိုင်းမှိုင်းအိမ်အိုဟောင်းတစ်လုံးကိုတွေ့လေသည်။

အနည်းငယ်ခြောက်ခြားစရာကောင်းပေမဲ့ အနောက်ကလိုက်သည့်သူများလက်ထဲ၌အဖမ်းခံရတာထပ်စာလျှင်သက်သာနိုင်မည်ဟုတွေးမိကာ ဆွေးမြေ့မြေ့တံခါးချပ်ကိုတွန်းဖွင့်၍အိမ်ထဲအမြန်ပြေးဝင်ကာပုန်းကွယ်နေမိသည်။ ပုန်းကွယ်နေရင်းအသံများအားနားစွင့်နေမိတော့ သူမနောက်သို့လိုက်သည့်အသံများတဖြေးဖြေးဝေးကွာသွားရာမှ စိတ်ကိုလျော့ချနိုင်လိုက်သည်။ သို့သော်လဲသူမနောက်ကျောဘက်ကချမ်းစိမ့်စိမ့်အာရုံကြောင့်ကိုယ်ခန္ဓာမှာတောင့်တင်းသွားရပြီးလက်ရှိကိုအသိစိတ်ပြန်ဝင်လာရသည်။

(ငါဘယ်နေရာကိုရောက်နေတာလဲ
ငါတစ်ခုခုဖြစ်တော့မှာလား)

ထိုအတွေးများဝင်နေချိန် သူမပုခုံးတစ်ဖတ်ပေါ်သို့အေးဆက်ဆက်လက်တစ်ဖတ်ကျရောက်လာချိန်မှာတော့ ကြောက်စိတ်နှင့်စူးနှင့်နှင့်အော်မိလေတော့သည်။

'အားးးး'

မျက်လုံးများဖွင့်ကြည့်တော့ သူမအခန်းထဲမှာဖြစ်နေခဲ့သည်။ သို့သော်လဲရင်တလပ်လပ်ဖြင့် နှလုံးခုန်နှုန်းများကသာမာန်ထပ်မြန်နေခဲ့ပြန်သည်။ အိပ်မတ်ဆိုးဟုလူကြီးများပြောလေ့ရှိသောအိပ်မတ်ဆိုးတစ်ခုသာ။ သို့ပေမဲ့ ထိုအိပ်မတ်သည် ယခုရက်ပိုင်း၌ ဒီအိပ်မတ်တစ်ခုထဲကိုသာထပ်ကာထပ်ကာမတ်နေမိလေသည်။

'မနတ်ဖြန်ကျရင်တော့ ဆရာမကြီးကိုသွားတွေ့အုန်းမှပါ ဒီရက်ပိုင်းအိပ်မတ်တွေမကောင်းဘူး'

မာယာ [completed-10]Where stories live. Discover now