1.1K 73 0
                                    

ငယ်စဥ်ကထဲကသူမအတွက် မေမေစီစဥ်ပေးသည့်အဝတ်အစားများဝတ်နေကျဖြစ်နေခဲ့၍ အသက်ကြီးလာသည့်အခါ တစ်ခြားမိန်းခလေးများကဲ့သို့ ခေတ်ဆန်ဆန်မနေတက်ခဲ့ပေ။ ထို့အတွက်ကြောင့် သူမဗီဒိုထဲ၌ မြန်မာဝတ်စုံဝမ်းဆက်များသာ။ လစဥ်မိတ်ဆုံစားပွဲသိူ့ယခုလိုရင်ဖုံးဝမ်းဆက်နှင့်မလာရဘူးဟူ၍တော့မရှိဘူးမဟုတ်လား။

တစ်လတစ်ခေါက် ဝန်ထမ်းများအတွက် monthly party ပေးသည်ကား ဖေဖေကိုယ်တိုင်ကုမ္ပဏီကိုဦးဆောင်ကထဲကပြုလုပ်ခဲ့သည့်အစီအစဥ်ဖြစ်သောကြောင့် သူမလက်ထက်၌လဲထိုအစီအစဥ်ကိုမကန့်ကွက်ခဲ့ပါ။

လစဥ်လာနေကျဖြစ်နေသဖြင့် ဆိုင်ဝန်ထမ်းများကိုလဲအထူးတလှယ်ပြောကြားနေစရာမလို။ ထိုအတွက်ကြောင့် သူမတို့အတွက်အဆင်ပြေလှသည်။ ထိုသို့ပွဲလုပ်ပေးချင်းအားဖြင့်လဲ ဝန်ထမ်းများအားအားတက်အောင်လုပ်ပေးသလိုဖြစ်စေသည်ဟုဖေဖေပြောဖူးသည်။ နည်းသည်များသည်မဆိုထားနှင့် တစ်ခုခုသူတို့အတွက်စီစဥ်ပေးရင်ကိုဝန်ထမ်းများသည်သဘောကျတက်ကြောင်း။

"မမ ခဏလောက် toilet သွားလိုက်အုန်းမယ်နော်"

"ကလျာလိုက်ခဲ့ရအုန်းမလား မမ"

"နေနေရတယ် တို့ဘာသာသွားလိုက်မယ်"

တနေကုန်နေလို့အဆင်ပြေနေခဲ့ပေမဲ့ ဤဆိုင်သို့ရောက်ပြီးနောက်ပိုင်း သူ့ရက်ထဲတစ်စို့စို့ခံစားချက်ကလည်ပင်းနားအထိထိုးတက်လာခဲ့သည်။ မသိလျှင် သူမအားတစ်ယောက်ယောက်ကလည်ပင်းညစ်နေသည့်ခံစားမှုအတိုင်း။ ဘေစင်ရှေ့ရပ်နေရင်း ကြက်သီးများထလာသောကြောင့် ကျောပါချမ်းရသည့်အခြေအနေ။

ချလပ်သံကြောင့်ဘာများဖြစ်နိုင်သည်လည်းဟုအသံစွင့်နေတုန်း တံခါးမှာပွင့်လာသောကြောင့် မျက်လုံးမှိတ်ကာထိုင်ချမိလိုက်လေသည်။ ပုံမှန်အတိုင်းပဲဖြစ်နေ၍ခံစားချက်ကထူးဆန်းနေ၍ ဖြေးဖြေးခြင်းမျက်ဝန်းများဖွင့်ကြည့်တော့ ယိုင်တိုင်တိုင်ဖြစ်နေသည့်ကောင်မလေးတစ်ယောက်ကိုသာတွေ့ပြီး သူမကိုယ်သူမလဲရယ်လိုက်မိလေသလား။

"ကြောက်တက်လိုက်တာ ဓာတုရယ်"

ထို့နောက်မှသာသက်ပြင်းချလိုက်နိုင်ပြီး သူမဘေးမှကောင်မလေးကိုမသိမသာလေးကြည့်လိုက်တော့ မူးနေသည့်ဟန်။ သူ့သူငယ်ချင်းတွေရှိလိမ့်မှာပါဟုတွေးမိသော်လဲ စိတ်ထဲမှာတော့ နည်းနည်းဘဝင်မကျ။ သူကိုယ်တိုင်ကပဲမူးသာ်အထိမနေဖူး၍လားမသိပါ ဒါပေမဲ့ မိန်းခလေးတစ်ယောက်ထဲအခုလောက်ထိမူးနေသည်ကိုမြင်ရသည်ကိုမြင်တော့စိတ်ပူမိသည့်စိတ်ဝင်လာသည်လော။

မာယာ [completed-10]Where stories live. Discover now