၁၉

572 42 0
                                    

စေ့စပ်ပွဲရက်ကတဖြေးဖြေးနီးလာလေ သူပြိုလဲချင်စိတ်ကပိုဖြစ်မိလေပါပဲ။ မောင်လေးရဲ့ ကျွန်တော်ကူညီပေးမယ်ဆိုတဲ့စကားကြောင့်သာ သူဒီနေ့ဒီချိန်ထိတောင်ခံထားခဲ့ရတာ။ ထိုနေ့ကထဲက သူဟာအိမ်ထဲကအိမ်ပြင်မထွက်ရတော့တာ။ ကိုကြီးဇနီးကအချိန်မှန်စားစရာများလာပေးပြီးသူ့ကိုအိမ်ထဲကအိမ်ပြင်ပေးမထွက်။ မေမေသိသွားရသည့်အကြောင်းအရင်းမှာလဲ ကိုကြီးကအရင်သိသွား၍ပင်ဖြစ်သည်တိုတာ ကိုကြီးဇနီးထံမှကြားခဲ့ရပြီဖြစ်သည်လေ။

မာယာနှင့်သူချိန်းတွေ့သည့်နေက ကိုကြီးကလဲတဖတ်အခန်းမှာသူ့လုပ်ဖော်ကိုင်ဖတ်များနှင့်တွေ့ဆုံနေကျချိန်ဖြစ်၍ သိသွားရသည်ဆိုတာကို နောက်မှပြန်သိလိုက်ရသည်။ ဒါကလဲ ကိုကြီးဇနီးကအလုံးစုံလာပြောပြ၍သာ။ အခုလိုမျိုးဓာတုဖြစ်နေရသည့်အခြေအနေကို နားလည်ပေးနိုင်သူက ကိုကြီးဇနီးရယ် မောင်းလေးရယ်သာ။ မောင်လေးမှာလဲ သူနှင့်စကာသိပ်မပြောနိုင် ။ မပြောနိုင်ဆို မေမေက သူ့ကိုဘယ်သူမဲ့မှအဆက်အသွယ်မလုပ်စေတာလေ။

"မမ လာကျွန်တော်နဲ့အပြင်သွားရအောင်"

"ဟင်မဖြစ်ဘူးထင်တယ်နော်မောင်လေး မေမေအိမ်မှာရှိတယ်မဟုတ်လား"

"ကျွန်တော်သိပါတယ် အခုကလဲ ဆရာမကြီးအိမ်သွားမလို့ပါပဲ ဆရာမကြီးကမမကိုခေါ်ခိုင်းလိုက်တာ မေမေလဲသိတယ် မေမေကိုယ်တိုင်သွားခိုင်းတာ"

အဝတ်အစားသေချာပြင်ဆင်ဝတ်ပြီးတော့မှ သူအခန်းပြင်ထွက်ရသည်။ နေ့စဥ်နေ့တိုင်းငိုထား၍ထင်ပါရဲ့ မျက်လုံးများကအစ်မို့နေရသည်။ ဧည့်ခန်းထဲ၌တော့မေမေဟာသူ့ကျောက်မြတ်ရတနာများကိုကြည့်နေလေသည်။ ဖေဖေကတော့သတင်းစာသာဖတ်နေခဲ့သည်။ သူ့ကိုတစ်ချက်မျှသာကြည့်ပြီးနောက် မြန်မြန်ပြန်လာရန် တခြားမဝင်ရန်ပြောလေသည်။ သူသည်လဲဟုတ်ကဲ့မျှသာ။

အခုမှရန်ကုန်မြို့ပြကိုမြင်ဖူးတွေ့ဖူးသည့်အလား ကားမှန်တံခါးကိုချကာ သူသည်ပြင်ပလေကိုခံစားနေမိသည်။ မောင်လေးကတော့ ဖုန်းတစ်လုံးနှင့်အလုပ်များနေသည်ကိုတော့သူသိသည်။ ဒါပေမဲ့သူ့အတွေး၌တော့ နောက်နှစ်ရက်မျှနေလျှင်သူဟာတစ်ခြားသူတစ်ယောက်နှင့်ပတ်သက်ရမည်ဆိုတာကိုတွေးမိတိုင်းရင်ထဲတစ်ဆစ်ဆစ်ဖြင့်။ မတင်းထားနိုင်သည့်အဆုံးမျက်ခွံများမှိတ်ချလိုက်သည့်အခါ မျက်ရည်စလေးဟာသူ့ပါးပြင်ထံသို့။ တကယ်ပါသူခံစားနေရတာကိုသူသာလျှင်သိသည်။ မွန်းကျပ်လွန်းလှ၍သူဟာထွက်ပြေးချင်မိသည်အထိ။

မာယာ [completed-10]Where stories live. Discover now