၁၁

740 55 4
                                    

မိုးချုပ်နေသည့်အပြင် မိုးမကုန်သေး၍ ချမ်းစိမ့်စိမ့်လေအေးအေး။ ညဥ့်အခါထွက်သောအကောင်ငယ်များ၏အသံပလံများကလဲပတ်ဝန်းကျင်၌ဆူညံဆူညံ။ လမ်းမထပ်မှာလူသူသိပ်မရှိပေမဲ့လို့ ဒီလိုအခြေအနေမျိုးမှာ မာယာနှင့်အတူ လမ်းလျောက်ရတာတော့ရင်ဖိုစရာ။

"မမ ပြန်ရမှာမဟုတ်လား ဘာလို့ မာယာနဲ့အတူရှိနေရတာလဲ"

"တို့လဲမသိဘူးကွယ် ပြန်ရမှာသိပေမဲ့မပြန်ချင်ဘူးဖြစ်နေတယ် ကလျာ့ကိုလာဖို့ပြောထားသေးတယ် ဒါမှ အိမ်ကသူတွေမရိပ်မိမှာတို့အပြင်သွားတယ်ဆိုတာ"

"ဟား..မမကတော့ ကလေးကျနေတာပဲ ဒီမှာကြည့် မမ တစ်ချို့နေရာတွေမှာကထိန်းချုပ်လို့ကောင်းပေမဲ့ တစ်ချို့နေရာကျအသက်အရွယ်ကစကားပြောတယ်မမရဲ့ ပညာရှာတယ် ဥစ္စာရှာတယ် တရားရှာတယ် ဒီအရွယ်သုံးပါးမှာ ရှေ့နှစ်ခုမှာက တစ်မျိုးမျိုးနဲ့တော့ စိတ်ပျော်ရာလေးရှာရမှာပေါ့ အချိန်တိုင်း မိဘစကားနားထောင်နေရမှာလား နောက် မမ ကြင်ရာတွေ့ရင် အခုလိုပဲ မအူမလည်နဲ့သူတို့စေရာနေလိုက်ရင် ခေါင်းပေါ်တက်ထိုင်သွားလိမ့်မယ် မိန်းခလေးဆိုတာသိပေမဲ့ ရိုင်းဆိုင်းမူးရူးရမ်းကားနေတာမှမဟုတ်ပဲ တစ်ခါတစ်လေတော့ကိုယ့်စိတ်ကြိုက်လေးနေကြည့်ပါ ငါဘယ်လိုနေချင်တာလဲ ကိုယ့်အတွက် need and want တော့ကွဲအောင်လုပ်ပေါ့ မာယာကတော့ ဒီဘဝမှာ စိတ်ဆင်းရဲစရာတွေကြုံရခဲ့ပေါင်းမနည်းတော့ဘူး ကျစရာမျက်ရည်တောင်ခမ်းလုနီးနေပါပြီ မာယာလေ မမကိုပျော်စေချင်တယ် မမကိုစိတ်ချမ်းသာစေချင်တယ် အမြဲတမ်းလှောင်အိမ်ထဲကငှက်ကလေးမဖြစ်စေချင်ဘူး"

ဘာလို့ ညအမှောင် လမ်းမီးတိုင်အောက်မှာတောင် မာယာ့ရဲ့ဘေးတစ်စောင်းအနေအထားကသူမျက်တောင်မခတ်တမ်းကြည့်ချင်စရာဖြစ်နေရက်တာလဲ။ မာယာမျက်ဝန်းထဲကမျက်ရည်ဝိုင်းတွေကိုသူမမြင်နေရတယ်။ နှုတ်ခမ်းကအပြုံးက မာယာရဲ့ ဒဏ်ရာတွေကိုလှောင်ရယ်နေသလို။

မာယာဆိုတဲ့ခလေးမလေးမှာ ဒဏ်ရာတွေနာကျင်မှုတွေဘယ်လောက်တောင်များနေလိမ့်မလဲ။

"ဒီလိုအချိန်ဆို မိဘတွေကိုအရမ်းသတိရတာပဲ"

မာယာငိုနေတယ်။ သူ့အရှေ့မှာအမြဲတမ်းပြုံးရယ်နေတက်တဲ့ ကောင်မလေးကလေ။ သူမဘယ်လိုလုပ်ရမလဲ။ မာယာအငိုတိတ်စေဖို့သူမဘာတက်နိုင်သလဲ။

မာယာ [completed-10]Where stories live. Discover now