1.4K 97 1
                                    

ဘုရားရိပ်တရားအရိပ်၌နေရလျှင် သူမအတွက်အေးချမ်းသည်။ မေမေနှင့် အလုပ်အားတဲ့ရက်များဆိုလျှင် ဘုရားကျောင်းကန်သွားတက်ပေမဲ့ ယခုနောက်ပိုင်းအလုပ်တာဝန်ကြီးလာသည့်အခါ ဘုရားရိပ်တရားအရိပ်သို့ပုံမှန်မဝင်ရောက်နိုင်ပေ။

ယခုအချိန်မှာတော့ ဆည်းလည်းသံတညံညံဖြင့် နေရိပ်သည့်လေသာဆောင်စောင်းတန်းမှာနေကာ ပါဋ္ဌာန်းရွတ်ဖတ်ငါးပါးသီလခံယူပြီးနောက်တော့ ဘုရားဖူးလာဧည့်သည်များကိုလိုက်ကြည့်နေမိပြီး သူမ၏စိတ်ကိုခေတ္တအနားယူမိသည်။ ထိုသို့သောမြင်ကွင်းများကိုမျက်စိတစ်ဆုံးကြည့်ရင်း သူမမြင်ကွင်းထဲသို့ကောင်မလေးနှစ်ယောက်နှင့်ကောင်လေးတစ်ယောက်၏ရယ်မောစွာပြောဆိုနေဟန်များဝင်လာခဲ့လေသည်။

(သူတို့လေးတွေကျတော့လဲအပေါင်းအသင်းတွေနဲ့ပါလား)

'မမ ပြန်ရအောင်လေ နေ့လည်စာစားချိန်ရောက်နေပြီ'

'အင်း ​ပြန်ကျမယ်လေဒါဆို တစ်ဆိုင်ဆိုင်မှာတခုခုဝင်စားကျတာပေါ့'

ပြန်ရန်ကားပါကင်သို့သွားတော့ ခုနက သူမတွေ့ခဲ့သောလူငယ်သုံးယောက်အားထပ်မံတွေ့ပြန်လေသည်။

'ကလျာ မမလေ အဲ့လိုလူငယ်တွေစုစုရုံးရုံးရှိတာမြင်ရင်သိပ်အားကျတာပဲသိလား ဒါပေမဲ့လဲ မမ က အဲ့လိုနေနိုင်ဖို့အခွင့်အရေးမရှိခဲ့ဘူးကွယ်'

အကြောင်းစုံသိနေသည့် ကလျာမှာတော့ သက်ပြင်းလေးသာချနေခဲ့ပါသည်။ သူ မမ၏အတွေးရေးမှူးအဖြစ်တာဝန်မယူခင်ကထဲက ထိုကုမ္ပဏီ၌ အလုပ်လုပ်နေပြီးဖြစ်သောကြောင့် မမတို့မိသားစုအကြောက်းအနည်းအကျဥ်းတော့သိနေခဲ့သည်။

ကုမ္ပဏီ ၌ရာထူးကြီးပေမဲ့ မမသည် သူ့အိမ်သို့ပြန်ရောက်လျှင် လွတ်လပ်မှုပျောက်ဆုံးနေသောသူတစ်ဦးကဲ့သို့ပင်။ ယခင်က မမ ၏မိခင်သည် မမနှင့်ပတ်သက်သမျှအားသူ့အားတင်ပြ​စေခဲ့သည်။ သို့သော် ယခုနောက်ပိုင်း မမ အကြောင်းပိုသိလာလေ မမကိုသနားစိတ်ဝင်မိသည်အထိပင်။ တနေ့ မမအား ထိုမွန်းကျပ်မှုများထဲမှရုန်းထွက်နိုင်ရန်ခေါ်ဆောင်ပေးမည့်သူပေါ်လာပါစေဟုဆုတောင်းမိသည်။

မာယာ [completed-10]Where stories live. Discover now