၂၁

612 37 2
                                    

နှစ်လခန့်ကြာသောအခါ။

ဓာတုဒီနယ်လေးမှာအသားကျနေပြီး ဘယ်တုန်းကမှ မတွေးထားဖူးသည့်ဘဝမှာသူနေပျော်နေပြီဖြစ်ပါသည်။ မာယာတို့မိသားစုပိုင်သည့် လိမ္မော်ခြံ၌ သူဟာကူပြီးလုပ်ကိုင်ပေးနေခဲ့သည်။ မာယာတို့မိသားစုပိုင်သည့် လိမ္မော်ခြံ၌ သူဟာကူပြီးလုပ်ကိုင်ပေးနေခဲ့သည်။

ပထမဆုံးထို လိမ္မော်ခြံသို့သွားသည့်နေမှာတင် သူဟာဒီနေရာ၌ပင်အလုပ်လုပ်ချင်စိတ်ပေါ်မိသည့်အထိဖြစ်သွားခဲ့တာလေ။ ကြည့်ရတာ ရေစက်ရှိ၍ဖြစ်နိုင်ပေသည်။ မာယာ့ကိုခွင့်​တောင်းတော့ခွင့်မပြုသဖြင့် ၂ရက်မျှစိတ်ကောက်မှသာ ခွင့်မပြုချင်ပြုချင်ဖြင့်သူ့သဘောကိုလိုက်ရောပေးခဲ့သည်လေ။ အလုပ်မလုပ်လျှင်တောင် မာယာကသူပိုင်သောဝင်ငွေများဖြင့် တသက်တာစားသုံးနိုင်ကြောင်းပြောသေးသည်။ သို့သော်လဲသူဟာ အလုပ်တစ်ခုမှမလုပ်ရလျှင်မနေတက်၍မရမကလုပ်ခဲ့လေသည်။

ထို့ကြောင့် မနတ်ဆိုလျှင် မာယာနှင့်အတူ လိမ္မော်ခြံသို့အတူသွားပြီး ခြံထဲကအလုပ်သမားများနှင့်အတူ အလုပ်လုပ်ကိုင်ပေးပြီး နေ့လည်ထမင်းစားချိန်ရောက်လျှင် မာယာနှင့်မနတ်စောစောချက်ပြုတ်သည့်ထမင်းဟင်းများအတူစားပြီး ညနေစောင်းရောက်လျှင် မာယာမောင်းသောဆိုင်ကယ်နောက်မှ မာယာ့ခါးလေးအားဖတ်ကာလိုက်စီးလေသည်။ ကိုယ်ချစ်ရသူနှင့်အတူရှိလျှင် ပင်ပန်းသည့်ဒဏ်လဲသူခံနိုင်ပေသည်။

အရင်လိုပဲညနေစောင်းနာယာနှင့်အတူဆိုင်ကယ်စီးပြီးပြန်လာတော့ အိမ်ရှေ့၌ ရင်းနီးနေသည့်ကားတစ်စီးကိုတွေ့လေသည်။ ဟုတ်တာပေါ့ ဒါကိုကြီးရဲ့ကားလေးလေ။ မာယာ့ခါးလေးအားတိုးကာဖတ်မိလေသလား။

"ဓာတု ညီမလေး"

"ဟင် မမ မမ ပါပါလာတာလား ဘယ်ကနေဘယ်လိုဖြစ်ပြီး"

"အိမ်ထဲပေးမဝင်တော့ဘူးလား အေးအေးဆေးဆေးခဏလောက်စကားပြောရအောင်ကွယ် ဒီကို မမ တစ်ယောက်ထဲလာခဲ့တာ ဓာတုအကိုမပါလာပါဘူးကွယ်"

ဆိုင်းမဆင့်ဗုံမဆင့်ဖြင့်ရောက်ချလာသူကြောင့် မာယာနှင့်ဓာတု တစ်ယောက်လက်တစ်ယောက်ခပ်တင်းတင်းဆုတ်မိလေသည်။ အကယ်ဒါဟာကောင်းသောလာခြင်းမဟုတ်ခဲ့ရင်တောင် မာယာနှင့်တော့သူမဝေးချင်ပါဘူး။

မာယာ [completed-10]Where stories live. Discover now