742 51 2
                                    

မိန်းခလေးတစ်ယောက်စိတ်ကောက်တာချော့နည်း ဟူ၍ google မှာ သူမရှာနေမိလေသလား။ သူများနှင့်မတူစွာ သူ့ကျမှ google မှာရှာနေမိသည့်အဖြစ်ရယ်ပါ။ ကိုယ်တိုင်ကလဲ သူတစ်ပါးကိုစိတ်မကောက်ဖူးခဲ့သလို ကိုယ့်အပေါ်လဲ ဘယ်သူမှစိတ်ကောက်ခဲ့ခြင်းမရှိလေတော့ မာယာ၏တုံ့ပြန်ချက်များကိုမှုသူမသိခဲ့လေပါ။

"Ella သမီးလေးလာပါအုန်း ဒီကို ဘယ်လိုလုပ်ရပါ့မလဲကွယ် မာယာကစိတ်ကောက်နေတာတဲ့ ဘယ်လိုပြန်ချော့ရမလဲ"

Ella လေးအား မြူနေရင်း ipad တစ်လုံးဖြင့် google မှာ ရှာဖွေနေမိသည့်အကြောင်းအရင်းများက တစ်ခြားသူများမြင်လျှင်သူ့အတွက်တော့ရှက်စရာပင်။

"မာယာက ငယ်သေးတော့သူ့ကိုမုန့်ဝယ်ကျွေးပြီးချော့ရမလား..ဟာ ဒါလဲမကောင်းပါဘူး မာယာက ခလေးပုစိလေးမှမဟုတ်ပဲ ဟူး မင်းနဲ့တော့ခတ်ပြန်ပြီမာယာရယ်"

ဒေါက် ဒေါက်။

"မမလေး မေမေကြီးက မအိပ်သေးရင်ခဏဆင်းခဲ့ပါအုန်းတဲ့"

"အမလေး လန့်သွားတာပဲ လာခဲ့မယ်လို့ပြောလိုက်နော်"

"ဟုတ်ကဲ့မမလေး"

ညမိုးချုပ်မှမေမေဘာဖြစ်လို့လဲမသိဟုဆိုကာ အောက်ထပ်ဆင်းတော့ မေမေနှင့် မောင်လေးကမျက်နှာချင်းဆိုင်ထိုင်ကာသူမအလာကိုစောင့်နေခဲ့သည်။ မနေ့ကပဲ ​နေပြည်တော်မှပြန်ရောက်သောမောင်ငယ့်ကို သူမတို့ကုမ္ပဏီကိုပို့တော့မည်ထင်ရဲ့။

"ခေါ်လိုက်တာကထွေထွေထူးထူးတော့မရှိပါဘူး အခု သားငယ်လဲပြန်ရောက်နေပြီဆိုတော့ မေမေတို့အရင်ကစီစဥ်ခဲ့သလိုပဲ သမီးရဲ့မောင်ငယ်ကိုအလုပ်အကြောင်းတွေနည်းနည်းပါးပါးပြောပြထားနော် သူ့ရဲ့အလုပ်တာဝန်တွေနဲ့အတူ သမီးကိုကူညီပါလိမ့်မယ်"

"ဟုတ်ကဲ့ပါမေမေ"

သက်ပြင်းခပ်တိုးတိုးခိုးချမိလေသလား။ မောင်လေးသာကုမ္ပဏီသို့ရောက်လာလျှင် မာယာနှင့်အကြောင်းကတော့မလွယ်ကူတော့မည်ဟန်။ အဘယ်ကြောင့်ဆိုသော် မေမေသည် ဤမိသားစုနှင့်အဆင့်အတန်းမတူတာမျိုး ဘယ်လိုလူမျိုးအ​ခြေအနေမျိုးသေချာမသိသည့်သူမျိုးကဲ့သို့ စသည့်သူများနှင့်သူမအားအပေါင်းအသင်းမလုပ်စေချင်သည့်သဘောဆောင်သည်။

မာယာ [completed-10]Where stories live. Discover now