၁၂

785 52 1
                                    

မနတ်ဖြန်ဆိုလျှင်သူမ အသက် ၃၃ နှစ်ပြည့်တော့မည်ဖြစ်သည်။ ပထမဆုံးအနေဖြင့် မိဘတွေကိုမနတ်စောစောကန်တော့ပြီးလျှင် ဘုရားသွားကုသိုလ်ယူမည်ပြီးလျှင် မိဘမဲ့ကျောင်းကိုသွားကာ တရက်စာအလှူဒါနပြုလုပ်ရမည်။ မာယာ့ကိုထိုအကြောင်းပြောတော့ သူမထက်တက်ကြွနေသူကမာယာဖြစ်နေပြန်သည်။ နောက်ပြီးပြောသေးတာ 'မမမွေးနေ့မှာမာယာလဲအတူတူရှိနေမှာကိုတွေးပြီးပျော်နေရပြီ' တဲ့လေ။

မနေ့တနေ့ကနေခြစ်ခြစ်တောင်အောင်ပူနေပေမဲ့ ဒီနေ့ညချမ်းမှာတော့ မိုးသံတအုံးအုံးဖြင့် ကြက်သီးမွှေးညှင်းများပါထရသည်အထိ။ ကုတင်ပေါ်လဲလှောင်းပြီးစောင်ကိုရင်ဘက်ထပ်သို့ဆွဲတင်ပြီးနောက် သူ၏တနေ့တာကိုအဆုံးသတ်ကာ အိပ်စက်အနားယူတော့သည်။

"မမ ကငယ်လေးနားကိုမလာချင်တော့ဘူးလားမမ"

"ဟင်"

အာမေဋိတ်အသံဖြင့်စွံအသွားခဲ့ရတဲ့သူမအခြေအနေ။ သူမဘာလို့ပြေးနေရသနည်း။ အသည်းအသန်ပြေးတာမျိုးမဟုတ်ပါပဲ ခပ်ဖွဖွသာသာယာယာပြေးနေခြင်းမျိုး။ ဒါပေမဲဘာလို့ပြေးနေရသည်ဆိုတာကိုတော့မသိ။ ပြေးနေရင်းနဲ့ကို အသံတစ်ချို့တစ်ဝက်ကဟိုနေရာမှပေါ်လာဒီနေရာမှပေါ်လာ။

အခုလဲ သူမက မလာလို့တဲ့ သူမဘာလို့မလာချင်တော့ဘူးဖြစ်ရတာလဲ။ ဘယ်ကိုသွားစေချင်နေတာလဲ သူမသိ သူသိတာ မောဟိုက်လာတဲ့ခံစားချက်။

"မမရယ် ငယ်လေးအနားမြန်မြန်လာပါတော့ ငယ်လေးအထီးကျန်လှပြီ ငယ်လေးလေ မမကို ဟိုးအရင်ကထဲကမျှော်နေတာ မမအနားကသူတွေကိုငယ်လေးမုန်းတယ် မုန်းတယ် မုန်းတယ်.."

အသံစူးနပ်နပ်တစ်ခုကနားစည်ကိုဖြတ်သန်းသွားသည့်အခါ နားကိုပိတ်ပြီးသူမအိပ်ယာကနေနိုးထလာမိလေတယ်။ ရင်ဘက်မှာလဲနိမ့်ချည်မြင့်ချည်။ နားထင်စပ်၌လဲချွေးစလေးများ။ ထို့ပြင် ကြက်သီးမွှေးညှင်းများကအလိုလိုထလာရပြန်သည်။

"ဘာလို့လဲ ဘာလို့ ငါ့အနားကသူတွေကိုမုန်းရတာလဲ ဘယ်သူတွေကိုမုန်းနေတာလဲ"

ပြောနေရင်းကိုပင် သူမမျက်ဝန်းမှနေမျက်ရည်များစီးကျလာခဲ့ပြီး ရှိုက်ငိုချင်သည့်စိတ်ကထိန်းမရနိုင်စွာဖြင့် ငိုမိခဲ့သည်အထိ။ ငိုရသည့်အရှိန်ဖြင့်ပင်ပန်းမှုနှင့်အတူပြန်လည်အိပ်ပျော်သွားသည်အထိ။ သို့ပေတည်း ဓာတုသည်အိပ်နေရက်းနှင့်ပင် မျက်ရည်များစီးကျနေတုန်းပါပင်။

မာယာ [completed-10]Where stories live. Discover now