827 48 0
                                    

PayPay day နေ့နီးလာသည်ဖြစ်၍ သူမတို့အလုပ်၌ပို၍အလုပ်ရှုပ်ရသည်။ သူမသည်ခေါင်းဆောင်ပိုင်း၌နေရသူတစ်ဦးဖြစ်၍ဂရုစိုက်ရသည်ကမနည်းလှ။ သူမ နည်းတူ သူမထက်လဲပို၍ပင်ပန်းသည့်ဝန်ထမ်းများလဲရှိသည်။ နှစ်ကုန်ပိုင်းရောက်လာလေပို၍အလုပ်ရှုပ်လေဖြစ်သည့်အပြင် တစ်နှစ်စာကိုပြန်လည်သုံးသပ်ရသည့်အပိုင်းသည် ပို၍ခတ်ခဲသည်။ ပုံမှန်တစ်ပတ်တစ်ခါ meeting ထိုင်ရသည်ဆိုလျှင် ယခုလိုအလုပ်များသည့်နှစ်ကုန်ပိုင်းရောက်ပြီဆိုလျှင် တစ်ရက်ကိုသုံးခါလောက် meeting လုပ်ရသည်။ တစ်ကုမ္ပဏီလုံးနှင့်မဟုတ်ပဲ တစ်နေ့ထဲနှင့် ဌာနမတူသည့်အဖွဲ့သုံးဖွဲ့လောက်နှင့်ခေါင်းဆိုင်ရသည့်အခြေအနေ။

အကယ်၍ အခွန်ဆောင်ရန်ကွာဟနေသည်များ၊ ဘားဂျက်အလျော့အတင်းများရှိလာလျှင် HR နှင့်ကော accounting department နှင့်ပါ overtime များဆင်းရသည့်ရက်များရှိလေသည်။

(My youth, my youth is yours Trippin' on skies, sippin' waterfalls My youth, my youth is yours..)

လချုပ်စာရင်းများပြန်စစ်နေတုန်းဖုန်းဝင်လာတော့ ဘယ်သူခေါ်သည်ဆိုတာကိုသူသေချာမကြည့်မိ။

"ဟယ်လို ဓာတုပြောနေပါတယ်"

"မမ...မာယာပါ"

"ဟင်..."

ထိုအခါမှသူမ၏အသိစိတ်များကလက်တွေ့ကမ္ဘာထဲသို့ပြန်ရောက်လာပြီး လုပ်လက်စအလုပ်များကိုတောင်မလုပ်နိုင်စွာ။

"မမ အခုအားလားဟင်"

"အာ တို့မအားသေးဘူးမာယာရယ် အလုပ်မှာလချုပ်စာရင်းတွေပြန်စစ်နေတာ ဘာကိစ္စရှိလို့လဲဟင်"

"အခုအလုပ်မှာပေါ့ဒါဆို နေ့လည်စာကောစားဖြစ်ရဲ့လား ညနေတောင်စောင်းနေပြီကို မနတ်ဖြန်ဆက်လုပ်လဲရရဲ့သားနဲ့"

"အဟား တို့လဲအဲ့လိုလုပ်ချင်တာပေါ့ကွယ် နောက်ရက်ဆိုရင် shock date ရှိလို့ဒီနေ့အပြီးလုပ်ဖို့တွေ့ထားလို့ပါ နေ့လည်စာကစားထားပါတယ်ရှင်"

သို့သော်ငြား မာယာ့ဘက်ကစကားပြန်ပြန်မလာခဲ့ပဲတိတ်နေလေသည်။ ထို့ကြောင့် လက်ထဲမှဘောပင်ကိုချကာ ဘယ်ဘက်လက်ဖြင့်ကိုင်ထားသည့်ဖုန်းကိုညာဘက်လက်ဖြင့်ပြောင်းကိုင်လိုက်ပြီး ထပ်မံကာနာမည်ခေါ်လိုက်ရသည်။

မာယာ [completed-10]Where stories live. Discover now