၁၈

584 34 2
                                    

မေမေ နေပြည်တော်မှ ပြန်ရောက်လာတော့ သူ့မယ်အနေအထိုင်ဆင်ခြင်ရသည်။ မာယာနှင့်တွေ့ချင်လျှင်တောင် အလုပ်ကိစ္စကိုအကြောင်းပြကာတွေ့ရသည်။ ကြာလာတော့ မာယာ့ဘက်က ပိုပိုပြီးစိတ်ကောက်တက်လာသည်။ ဒါကိုလဲသူသိပေမဲ့ သူ့ဘက်မှာလဲ မေမေ သိသွားလျှင်အခတ်တွေ့နိုင်၍ သိုသိုသိပ်သိပ်လုပ်နေခဲ့ရသည်။

"မာယာ"

"ဟင် ပြောလေ"

"တို့ကိုဘာလို့ မမ လို့မခေါ်တော့တာလဲ တို့ ပုသိမ်ကပြန်ရောက်ပြီးကထဲက မာယာကတို့ကို ဓာတု လို့ပဲခေါ်တယ် ပြီးတော့ ကိုယ့်ကိုကိုယ်လဲ ကျွန်မလို့ပြောတက်လာတယ် တို့နဲ့ချစ်သူမဖြစ်ခင်တုန်းကတောင် မာယာက မမ လို့ခေါ်နေသေးတာ"

မာယာ ​နည်းနည်းခေါင်းကြိမ်းသွားရသည်။ အရင်က သူပဲရစ်လာခဲ့တာ အခုတစ်ခါတော့သူပြန်အရစ်ခံနေရပြီလေ။ ဘယ်ကနေဘယ်လိုစိတ်ကူးပေါက်၍ ဒီကိစ္စကိုစသည်လဲမသိ။

"ဘာရယ်လို့မှမဟုတ်ပါဘူး ဓာတုရယ် မာယာလဲမသိဘူး ဒီတိုင်းပါးစပ်ကနေထွက်သွားတာပဲ ဓာတုလို့ခေါ်ရတာကိုပိုပြီးအစေးကပ်နေတာ အခုမကြိုက်ဘူးဆိုရင်လဲ မမ လို့ပြန်ပြောင်းခေါ်ပေးမယ်ဟုတ်ပြီလား မမ"

"သွားပါအခုမှ"

"အဟင်းဟင်း မသွားပါဘူး မာယာက မမ အနားမှာပဲ အကြာကြီးနေမှာ အဲ့တာကြောင့် အခုတောင် နေကြာပန်းလက်ဆောင်ပေးတာပဲကို ကြည့်ပါလား"

စားသောက်ဆိုင်က private room ဖြစ်၍ တစ်ခြားသူများကတော့သူတို့ကိုဘယ်သူဘယ်ဝါဆိုတာသိမည်မဟုတ်။ သို့ပေတည်း ဓာတုတို့အခန်းတစ်ဖတ်ခြမ်းကကောင်လေးမယ်တော့ လက်သီးဆုတ်ကာ ဓာတုတို့ပြောစကားများကိုနားထောင်နေခဲ့လေသည်။

မာယာနှင့်တွေ့ပြီး၍အိမ်ကိုပြန်လာတော့ အိမ်ရှေ့ဧည့်ခန်း၌ မေမေ နှင့်ကိုကြီးမှာ သူ့အားစူးစိုက်ကြည့်နေလေသည်။

"ပြန်လာပြီလား ဓာတုခေမာ"

"ဟုတ်မေမေ သမီးကိုစောင့်နေကျတာလား"

သူလဲ ဆိုဖာသို့ဝင်ထိုင်လိုက်ပြီး စကားစလိုက်လေသည်။ ကိုကြီးဇနီးနှင့် ဖေဖေ တို့မှာတော့မျက်နှာမကောင်းကျချေ။ သူလဲရင်ထဲတဒိတ်ဒိတ်ခုန်ကာစိုးရိမ်နေမိလေသည်။

မာယာ [completed-10]Where stories live. Discover now