၁၄

1K 49 2
                                    

ပုံမှန်ဆို မနတ်ဖြန်အတွက်ကြိုရင်မခုန်တက်သည့်သူမက 'မနတ်ဖြန်မနတ် နေထွက်တာနဲ့မမအနားရောက်နေစေရမယ်' ဆိုတဲ့စကားတစ်ခွန်းကြောင့် အိပ်ပျော်စေရန်အတော်လေးကြိုးစားခဲ့ရသလို သူရဲ့အဖြစ်ကိုသူကိုယ်တိုင်တောင်မယုံကြည်နိုင်သည်အထိ။ သူမကို မာယာဆိုတဲ့အမျိုးသမီးငယ်လေးကချစ်သည်တဲ့။ သူမကိုယ်တိုင်ကလဲ မာယာဟုအမည်နာမရှိတဲ့အမျိုးသမီးကိုချစ်ပါသည်တဲ့လေ။

တွေးကြည့်ယုံနဲ့တင်ဒီအကြောင်းအရာလေးကပျော်စရာ ကြည်နူးဖွယ်အတိ။ ထိုအကြောင်းအရာထပ်ပိုပြီးသူဘာကိုမစဥ်းစားချင်။ စဥ်းစားဖို့ကြိုးစားမိရင်သေချာပေါက် မဖြစ်နိုင်တဲ့အကြောင်းပြချက်တွေထွက်လာမှာသူသိသည်လေ။

(မာယာမမကိုအရမ်းတွေချင်နေပြီ) ဆိုသည့် message လေးကသူမကိုအပြုံးများမရပ်တန့်နိုင်အောင်ပြုစားနိုင်သည်တဲ့လား။ မနတ်ကထဲကမှိုရနေသကဲ့သို့ဖြစ်နေကာ ပြုံးတာမရပ်တန့်နိုင်သောကြောင့် သူမကိုမေမေတို့ကထူးဆန်းတေသလိုကြည့်နေကျသေးသည်။

မာယာနှင့်ချိန်းထားသည့်နေရာရောက်သည်နှင့်သူမကိုစောင့်နေသောမာယာကိုမြင်တော့သူမထပ်မံပြုံးနေမိပြန်သည်။ ဒါပြောပြောနေတဲ့အချစ်ကပေးတဲ့ပျော်ရွှင်ကြည်နူးမှုလေးများလား။

"မာယာ စောင့်နေရတာကြာသွားပြီလား"

"မကြာသေးပါဘူး မမ ရဲ့"

"မျက်နှာလေးနွမ်းနေသလားလို့ ညကအိပ်ပျော်ရဲ့လား"

"ဒီတိုင်း မမက မာယာ့ကိုချစ်တယ်ဆိုတာသေချာရဲ့လား အိပ်မတ်လားတကယ်လားဆိုတာမယုံနိုင်လို့အိပ်မပျော်သွားသွားယုံပါမမရဲ့"

သူမတို့ကားလေးကတလိမ့်လိမ့်လေးဆိုပေမဲ့ မာယာနဲ့ဓာတုတို့ကတော့စကားပြောမပျက်။ အချစ်နဲ့တွေ့တဲ့သူတိုင်းကအခုလိုပဲပြောစရာတွေအများကြီးဖြစ်နေရတာလား။

"အင်း မာယာကိုတို့ဘယ်လိုခေါ်ရမလဲ ခလေးလေးလို့ခေါ်ရမလား ဟားအဲ့လိုကျတော့အူယားစရာလေး ခလေးလေးလို့ပဲခေါ်တော့မယ်"

"ဟာမမကလဲ မာယာကအဲ့လောက်ထိမငယ်ပါဘူးလို့ ဒီတိုင်း မာယာဖြစ်ဖြစ် ပျိုဖြစ်ဖြစ် အဖျားစွတ်ခေါ်လဲရတာပဲကို"

မာယာ [completed-10]Where stories live. Discover now