အပိုင်း ၅unicode

7.2K 357 21
                                    

၅.ပန်းနွယ်ကို‌လေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ.....

             အပိုင်း-၅

ဒီနှစ်မိုးကစောလွန်းသည်။ကျောင်းအပ်နှံတဲ့အချိန်
မှာပင်မိုးကသည်းသည်းမဲမဲရွာနေတော့..
" ဒီနှစ်တော့ဆရာမတို့ရေ..မိုးတွေရေထဲရေကူးပြီး
သင်ရတော့မှာပဲ ..."
" ဟုတ်ပါ့...."
ဒါမျိုးကိုရိုးနေပါပြီဟူသောအထာဖြင့်ဆရာ၊ဆရာမ
တွေကပေါ့ပေါ့ပါးပါးပင်...

ကျောင်းခန်းထဲကိုခုန်ပျံပြီးရောက်လာသောငါးရံ့တစ်ကောင်အား..မခင်သန်းကြည်ကဖမ်းယူပြီးချိုင့်ထဲ
ထည့်သိမ်းရင်း...
" ကြည့်စမ်း..ကျောင်းပိတ်ထားလို့ဟိုခလေးတွေ
မဖမ်းတော့..ငါးတွေတောင်ကြီးလာပြီ။တစ်ကောင်
ကိုဆယ့်ငါးကျပ်သားလောက်ရှိတာရယ်...."

ဟုတ်ပါ့..ကျောင်းဘေးပတ်လည်ကကန်စွန်းကန်တွေထဲမှာ..ငါးခူ၊ငါးရံ့၊ငါးရှည့်တွေပေါမှပေါပဲ..
တစ်ချို့ခလေးတွေများကျောင်းလာရင်ငါးတို့၊ဂဏန်းတို့ဖမ်းပြီးမှအိမ်ပြန်ကြတာရယ်။

မခင်သန်းကြည်ကတော့ငယ်မွေးခြံပေါက်ဆရာမမို့
ခလေးတွေကသူနဲ့ကြပိုရင်းနှီးပြီး..ဖမ်းရတာတွေ
ကိုလည်းသူ့ဆီလာလာရောင်းတတ်သည်။
" ဆရာမ မုန့်ဖိုးလောက်ပဲပေးပါ၊အိမ်ကအမေဆို
တစ်ပြားမှမရလို့" တဲ့။
သူကအိမ်အပြန်၀ယ်သွားရင်စျေးထဲသွားဟင်းစား
၀ယ်ဖို့မလိုတော့ပေ။

ကျောင်းထဲမှာ..ကန်စွန်းညွှန့်၊ပုစွန်စာရွက်၊ကင်းပွန်
ရွက်အပြင်၊သရက်ပင်..သင်္ဘောပင်များလည်း
ရှိသည်။
မူနွဲ့တို့လိုခူးဖို့ရှက်နေတဲ့လူတွေကတော့စျေးထဲမှာ
စျေးကြီးကြီးပေး၀ယ်စားရပါသည်။

မနက်ပိုင်းကျောင်းအပ်လက်ခံပြီးသွားတော့ဆရာကိုကျော်ထင်တို့ကခုံတွေပြန်ရိုက်နေသည်။မူနွဲ့တို့
ကစာရင်းသွင်းရသည်။
ဝါးးး...မူနွဲ့မှာဒီနေ့တစ်နေ့လုံးစကားနည်းလှပြီး
တစ်ဝါးဝါးသန်းငိုက်နေတာကြောင့်..
" မူနွဲ့ ဘာဖြစ်လို့လဲ ညကမအိပ်ရဘူးလား"
" ရှင်...မဟုတ်ပါဘူး မမ..."

တကယ်တော့မူနွဲ့အိပ်ငိုက်နေတာအမှန်ပါပဲ..
မူနွဲ့အိမ်လေးရဲ့ခေါင်းရင်းမှာကသစ်ပင်ကြီးတစ်ပင်
ရှိသည်။အပင်မှာတော်တော်ကြီးကာနွေရာသီဆို
မူနွဲ့အိမ်ကလေးအရိပ်ရလို့အေးပေမယ့်..အခုလို
မိုးရာသီကြမိုးနဲ့အတူလေပါလာသောအခါ.အကိုင်း
တွေကသွပ်ကိုတဖြန်းဖြန်းနဲ့ရိုက်တော့ဆူညံတာတစ်မျိုး၊ ဘေးမှာကာထားတဲ့ဝါးထရံကြားကနေအိမ်
ထဲရေတွေပက်တာတစ်မျိုးကြောင့် ညအိပ်ရင်ဒုက္ခ
ရောက်ရသဖြင့်ခလေးတွေကိုတွေကိုတောင်အတူ
ခေါ်မသိပ်တော့ပါ။

ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)Where stories live. Discover now