အပိုင်း ၁၇ Unicode

6.3K 334 9
                                    

၁၇ ပန်းနွယ်ကို‌လေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ.....
             အပိုင်း-၁၇

နွေရာသီမှာကိုယ်၀န်ဆောင်ရတာကမလွယ်လှ..
ရာသီဥတုကပူပူ၊ပုံမှန်လူတောင်စားချင်သောက်ချင်စိတ်နည်းကကြားထဲ..ကိုယ်၀န်ဆောင်ကပိုဆိုးရှာ
ပေါ့။
စားသမျှလည်းပျို့လိုက်အန်လိုက်နဲ့မို့ ဘေးကကြည့်ပြီးသူ့မှာစိတ်မချမ်းသာရပေ။
ညဆိုလည်းပူလို့တော်တော်နဲ့မအိပ်တာကြောင့်အခန်းကိုလေ၀င်အောင်ပြတင်းပေါက်တွေထပ်ဖောက်ပြီး..ပန်ကာ၀ယ်ပြီးအပေါ်မှာဆင်ကာညညမီးစက်မောင်းကာဖွင့်ပေးထားရသည်။

ပုံမှန်တောင်ဖြူနွဲ့နွဲ့လေးကအခုဆိုမျက်နှာချောင်
ကျကာမျက်ကွင်းကလည်းအမြဲညိုနေတာကြောင့်..
" အဲ့လိုမှန်းသိရင် ခလေးယူဖို့အစ်ကိုမလောခဲ့ပါဘူး"
ခပ်နင့်နင့်လေသံကြီးနဲ့ပြောတော့မူနွဲ့ကသူ့ကိုကြည့်ပြီး..
" အခုကတည်းက နောင်တရနေပြီလား.."
" အင်း မင်းနှဖူးကွဲတဲ့နေ့ကတည်းကပဲ...
စဉ်းစားကြည့်လေ၊ သူရှိနေမှန်းရိုးရိုးအသိပေးလဲရရဲ့သားနဲ့ အမေကိုနှဖူးကွဲအောင်လုပ်တယ်..
ဒီကောင်က အစ်ကိုနဲ့တူတာဖြစ်ရမယ်.."

" ခစ် ခစ်..ဟုတ်လောက်တယ်...
ဘယ်လိုလုပ်ရမလဲ အစ်ကိုဝဋ်လည်တော့မယ်ထင်
တယ်..."
"ကိုယ့်ယောက်ျားတစ်ယောက်လုံး၀ဋ်လည်မှာကိုပျော်တယ်ပေါ့.."
မူနွဲ့ကရယ်ပြီးသူ့လက်မောင်းကိုမှီထားကာ..
" ဒါပေမယ့်နွေရာသီမှာကိုယ်၀န်စရှိတာကောင်းတယ်အစ်ကိုရဲ့..ကျွန်မခလေးမွေးရင်ဆောင်းရာသီဆို
တော့မီးတွင်းထဲ၀င်ဖို့မကြောက်ရတော့ပဲ..."

သူကမူနွဲ့လက်လေးကိုထပ်လျှက်ဆုပ်ကိုင်ထားပြီး.
" ဘယ်ရာသီဖြစ်ဖြစ်ကြောက်စရာမလိုပါဘူး၊ အစ်ကိုရှိတာပဲ ...မင်းမီးဖွားရင်ဘာမှစိတ်မပူရအောင်
အစ်ကိုပြင်ဆင်ပေးပါ့မယ်..."
" သိပါပြီ.."
" ကဲ အလုပ်သွားလုပ်အုံးမယ်..."
" သွားလုပ်ရအုံးမှာလား၊ ဆယ်ပြားနဲ့ထားလို့မရဘူးလား..."
" မရဘူးလေ ၊ အလုပ်ကများတယ်နောက်ထပ်လူ
တောင်ထပ်ခေါ်ရအုံးမှာ..ဒါနဲ့ ဘာလို့လဲ..."

" ဘာမှမဟုတ်ပါဘူး၊ အိမ်မှာပျင်းလို့..
အပ်ချုပ်စက်ကြီးကိုလည်း အစ်ကိုကမူနွဲ့ကိုမပြောပဲနဲ့ပေးပစ်တယ်.."

ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)Where stories live. Discover now