အပိုင်း ၁၁ unicode

6.5K 307 6
                                    

၁၁ ပန်းနွယ်ကို‌လေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ.....
အပိုင်း-၁၁

ဒီနေ့သူအလုပ်သွားတုန်းလုပ်နေတုန်းမှာအရင်ကအလုပ်တွဲလုပ်ဖူးတဲ့ကိုမာလဆိုတဲ့လူမိုက်က..ဒက်ဆန်းကားတစ်စီးနဲ့ရောက်ချလာပြီး....
" ကောင်လေးမတွေ့တာကြာပြီနော်..."
" ဟာ ကိုမာလ..ဘယ်ကကြွလာတာလဲ.."
" ဒီအချိန်မင်းဒီမှာရှိမယ်မှန်းသိလို့၊မင်းဆီတည့်တည့်ပဲလာတာ..."
" ကျုပ်ဆီ.. မလာစဖူးဘာကိစ္စ.."
" မလာစဖူးဆိုတာ မင်းကရေစက်ဖြတ်ပြီးနေနေတာကိုးကွ..မင်းအကြောင်းတွေတော့အမြဲကြားပါ
တယ်..."
" ကျုပ်အကြောင်းကဘာများကြားစရာရှိလို့လဲ.."
" အိမ်ထောင်ပြုလိုက်ပြီဆို.."
" အင်းလေ..."
" အရင်ကောင်မလေးကိုမေ့နိူင်ပြီပေါ့..."
" ဘယ်တစ်ယောက်လဲ?"
" ဟား ဟား မင်းကတကယ့်ကောင်ပဲ..."
" ဒါနဲ့ ခင်ဗျားကောင်းစားနေပါလား၊ ကားတွေဘာ
တွေနဲ့...ခင်ဗျားကိုဘိုကျားကမျက်နှာသာပေးတဲ့
ပုံပဲ..."
" ဘယ်ကလာကောင်းစားရမှာလဲ၊ ဒါငါ့ကားမဟုတ်
ပါဘူး၊ ပင့်စရာလူရှိလို့ယူလာတာ.. "
" အင်း အဲ့တာဆိုသွားလေ နောက်မှတွေ့မယ်.."

" ငါလာပင့်တာ မင်းကိုကွ..."
" ကျုပ်ကို!...."
" ဟုတ်တယ် မင်းကိုဘိုကျားကသေချာခေါ်လာခဲ့ပါ
ဆိုလို့..."
" သူက ကျုပ်ကိုဘာလို့..."
" မသိဘူးလေ တွေ့ချင်လို့နေမှာပေါ့..."

တေဇဘုန်းကျော်ကခါးထောက်ကာရယ်လိုက်ပြီး..
အဟက် ဟက်...
" ကျုပ်ကို သူကဘာကိစ္စနဲ့တွေ့ချင်ရတာလဲ..."

" ဒါတော့ငါလည်းသေချာမသိဘူး တာတေရာ..
ဒါပေမယ့် မင်းကိုသေချာခေါ်လာဖို့တော့မှာလိုက်တယ်..."
" ကျုပ်ကသူခေါ်တိုင်းလာမယ်များအောက်မေ့နေ
လား..."
" တာတေ မင်းကအခုတစ်ယောက်ထဲနော်..."
" တစ်ယောက်မကလို့ တစ်ခြမ်းပဲဖြစ်နေရင်တောင်
ဂရုမစိုက်ဘူးဗျ..."

" အေး မင်းစိတ်ကိုလည်းသူကသိပါတယ်..
အဲ့တာကြောင့်ဟိုကောင်တွေကိုမလွှတ်ပဲ ငါ့ကိုတစ်
ယောက်ထဲလွှတ်လိုက်တာပေါ့ကွ....
အဘတိုက်စိန်ရဲ့ တပည့်ရင်းတွေပဲတာတေရာ..
ငါတို့မင်းတို့က ညီအစ်ကိုတွေပါ...
သူဘာပြောမှန်းမသိပေမယ့် တစ်ခါတော့တွေ့ကြည့်လိုက်ပါ..."

" ကျုပ် ယုံကြည်ဖို့ကလိုသေးတယ်လေ..."
" တစ်ခုခုမသမာတာတွေ့ရင် မင်းငါ့လက်ကိုဖြတ်
ကြာ..."
" ကောင်းပြီ..."
ကားခေါင်းခန်းထဲမှာ၀င်ထိုင်လိုက်ပြီး...
" ကဲ မောင်းတော့လေ..."

ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)Where stories live. Discover now