၁၈ ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ.....
အပိုင်း-၁၈" ဘာ ဘာပြောတယ်.."
" ဟိုလေ ဒီနေ့အမေကရင့်ရင့်ကိုခေါ်ပြီးဆေးခန်းသွားပြတာ..ကိုယ်ဝန်ရှိနေပြီတဲ့...
အဲ့တာ ကျွန်မတို့လည်းရင်ရင့်ကိုမေးကြည့်တော့
အဲ့ကိုယ်ဝန်က အစ်ကို့တပည့်နဲ့တဲ့..."" ဆယ်ပြား ဒီကောင် တောက်)))) ခွေးမသား
ငါနဲ့တွေ့မယ်.."
မူနွဲ့မှာသူ့ယောက်ျားအကြောင်းကိုသိသဖြင့်ဒီကိစ္စ
ကိုလူအများနဲ့စုမပြောပဲ..သူပြန်လာပြီးအေးအေး
ဆေးဆေးရေမိုးချိုး၊ထမင်းကျွေးပြီးမှ အိပ်ခန်းထဲကို
ခေါ်ပြီးနှစ်ယောက်ထဲတိုးတိုးပြောပြသည်။
ဒါတောင်သူသိတာနဲ့ ဝုန်းခနဲထပြီးသွားမလို့လုပ်တာကြောင့်..မူနွဲ့မှာသူ့ဒေါသကိုသိလို့ခြေထောက်ကနေအတင်းဆွဲထားရသည်။" အစ်ကို မသွားနဲ့..ဒီကိစ္စကိုအဲ့လိုရှင်းလို့မရဘူး။
ဘယ်လိုပဲအစ်ကို့နောက်ကလိုက်နေပါစေ..သူများ
သားသမီးနော်..ခြေလွန်လက်လွန်တွေဖြစ်ကုန်ပါ့မယ်အစ်ကိုရယ်..
ကျွန်မစကားနားထောင်ပါအုံး.."
" ဖယ်စမ်းကွာ..."
မူနွဲ့ကသူ့ခြေထောက်ကိုဖက်ထားတဲ့လက်အားမလွှတ်ပေး..။
တခြားလူသာဆိုကန်ပြီးထွက်သွားမှာသေချာပေမယ့်..မူနွဲ့ကကိုယ်ဝန်နဲ့မို့သာသူစိတ်ရှိတဲ့အတိုင်းမလုပ်နိုင်ပဲ..အံကြိတ်ပြီးတောင့်တောင့်ကြီးရပ်နေရ
သည်။
" မင်း အဲ့ဒီ့လက်ကိုလွှတ်လိုက် ..
ငါ ရင်ရင်နဲ့စကားပြောချင်တယ်..."" ဒါဆို အစ်ကို့စိတ်ကိုအရင်လျှော့ပါ...ရင်ရင်ကအစ်ကို့နှမဆိုပေမယ့် အစ်ကို့သားသမီးမဟုတ်ဘူးနော်၊ ရိုက်နှက်ပြီးဆုံးမလို့မရဘူး..."
" ဘယ်သူကရိုက်မယ်ပြောနေလို့လဲ...
ငါ အခြေအနေကိုသိချင်ယုံပဲ..."မူနွဲ့ကိုတောင်လေသံမာမာနဲ့အော်တာကြည့်ရင်
သူဘယ်လောက်ဒေါသထွက်နေသလဲမှန်းဆနိုင်သည်။
" အင်းပါ..ဒါပေမယ့်ကျွန်မမှာခလေးနဲ့နော်..
အစ်ကိုဘာပဲလုပ်လုပ်ကျွန်မမျက်နှာအရင်ကြည့်ပါအုံး..."
" ပြောလေကဲလေပါလား ငါဘာမှမလုပ်ဘူးစိတ်ချ"သူခေါ်လိုက်တော့အားလုံးအောက်ထပ်ဆင်းလာ
ကြပြီးအိမ်ရှေ့ခန်းမှာဆုံကြသည်။
ရင်ရင်ကသူ့ရှေ့မှာမြေကြီးထဲဝင်တော့မယ့်အတိုင်း
ခေါင်းငုံ့ကာထိုင်နေသည်။အမြင့်ကလည်းမျက်ရည်
နဲ့မျက်ခွက်..၊ဒေါ်ကြင်ဆုံကလည်းဆယ်ပြားကသူ့
တပည့်မို့သူ့လက်ကိုဝါးကွက်အပ်လိုက်တဲ့အတိုင်း
ဘေးမှာတုံတိဘာဝေနဲ့ထိုင်နေပါသည်။
YOU ARE READING
ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)
General Fictionမိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်းကျော်နဲ့ဆရာမလေးမူယာနွဲ့.... 1987ခုနှစ်ခေတ်ဇတ်လမ်းဖြစ်ပါတယ်။ photo credit/ မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး...