အပိုင်း-၂၀ unicode

5.9K 337 12
                                    


၂၀ ပန်းနွယ်ကို‌လေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ.....
             အပိုင်း-၂၀

နှစ်ယောက်သားကြောင်အမ်းနေကြပြီး၊မမြတ်လေး
ကသူ့ကိုယ်သူတွေ့ရာအခန်းဇွတ်ဝင်လာမိတာကို
သတိရပြီး..
" ဒါ ဒါ ရှင့်အခန်းလား.."
" ဟုတ်တယ် ဒီကဘယ်သူလဲ၊ ဘာလို့ကျွန်တော့်အခန်းထဲရောက်နေတာလဲ..."
" ဟို ဟို ကျွန်မ..."

ထိုစဉ်ကမူနွဲ့ကမီးဖိုခန်းကထွက်ပြီးသူတို့အခန်းရှေ့
ကနေဖြတ်လျှောက်လာကာ..
" ဟင် မမြတ်..နိုးနေပြီလား..."
အခန်းထဲထိဝင်လိုက်ကာ..
" တို့ ဒီမှာ..မှားဝင်မိပြီထင်တယ်..လုပ်ပါအုံး"
" သြော် ဒါကျွန်မခဲအိုပါ မမြတ်ရဲ့၊ မနေ့ကအပြင်ရောက်နေလို့မဆုံလိုက်ကြဘူးထင်တယ်..
ကိုကျော်ထင် ဒါကျွန်မသူငယ်ချင်းပါ၊ အိမ်မှာခဏ
တည်းမလို့သိလား..."
" သြော်...ဟုတ်လား..."
" သွား အုံးမယ်နော်...
လာ မမြတ်လာ.. မျက်နှာသစ်ဖို့လိုက်ပြမယ်.."

မူနွဲ့ကဦးဆောင်ခေါ်သွားပြီး မျက်နှာသစ်ဖို့ပုဝါ၊ဆပ်
ပြာ၊သွားတိုက်ဆေးပေးကာ..နှစ်ယောက်သားခုန
ကအကြောင်းကိုပြောပြီးရယ်ကြတော့သည်။
" တို့ဖြင့်ရှက်လိုက်တာမူနွဲ့ရယ်..မှားဝင်မိတာယောက်ျားအခန်းကြီး.."
" အိုရပါတယ် ဟိုကလည်းလူပျိုရီးပဲ.."
" အယ် ဘာဆိုင်လဲနော်.."
" ပြီးတော့ကိုကျော်ထင်ကကျောင်းဆရာလေ
မူနွဲ့နဲ့တစ်ကျောင်းထဲ.."
" ဟယ် ဟုတ်လား..ဒါဆိုရှင်ကအစ်ကိုနဲ့တစ်ကျောင်းထဲဖြစ်ပြီး..ဘယ်လိုလုပ်ညီနဲ့ကျော်ညားတာတုန်း"
" ခစ် အစ်ကိုလို့ထင်တာလား... သူကအကြီးမဟုတ်ဘူး မူနွဲ့ယောက်ျားကအကြီးပါ.."
" သြော် ဒါဆို မတ်ပေါ့.."
" အင်း..."
" ညီအစ်ကိုတွေကသိပ်မတူကြဘူးနော်..."
" တစက်မှမတူဘူးလေ၊ ကျွန်မမတ်ကစာအုပ်ကြီး"
" အဲ စာအုပ်ဆိုမှစာဂျပိုးထင်တယ်နော်
သူ့အခန်းထဲမှာလေ တို့တောင်လိုက်ရှာဝယ်လို့မရ
တဲ့စာအုပ်တွေရှိတယ်နော့်..."

" မမြတ်လေးကစာအုပ်ကြိုက်တော့အတော်ပဲပေါ့။
အိမ်မှာနေတုန်းယူဖတ်လေ..ကိုကျော်ထင်က
စကားတော့နည်းပေးမယ့် သဘောမဆိုးပါဘူး..
စာအုပ်စာပေမိတ်ဆွေတွေတောင်ဖြစ်လာအုံးမယ်"

မူနွဲ့ကလူပျိုရီးနဲ့အပျိုရီးကိုစနောင်ချင်ပေမယ့်ဧည့်
သည်မို့ရှက်သွားမှာဆိုးလို့ဒီထက်ပိုမနောက်လိုက်
ပါ။
ကိုကျော်ထင်ဆီသွားပြီး..ကျွန်မဧည့်သည်ကိုစာအုပ်လေးတွေပေးဖတ်လိုက်ပါလို့လည်းခွင့်တောင်းခဲ့
သည်။
မူနွဲ့ကစာအုပ်တော့ဖတ်ပေမယ့် အပျင်းပြေလောက်ပါပဲ၊သိပ်ပြီးဝါသနာထုံလှတယ်မဟုတ်ပါ..
သတင်းစာတို့၊ဂျာနယ်၊တက္ကသိုလ်မဂ္ဂဇင်းတို့ဝတ္တုဆိုရင်လည်းခေတ်ဟောင်းကခင်နှင်းယုတို့၊ဂျာနယ်ကျော်မမလေးတို့လောက်ပေါ့.. ကျမ်းစာလောက်နီးနီးစာအုပ်တွေကိုတော့မဖတ်နိုင်ပါ။
မမြတ်လေးကတော့ကိုကျော်ထင်လိုပဲသူ့ခြင်းတောင်းထဲမှာစာအုပ်ခပ်ထူထူတွေသာတွေ့ရလေ့ရှိသည်။

ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)Where stories live. Discover now