အပိုင်း၉ unicode

7.3K 322 5
                                    

၉ ပန်းနွယ်ကို‌လေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ.....

             အပိုင်း-၉

မူနွဲ့မနက်အိပ်ယာနိုးနိုးချင်းမျက်လုံးဖွင့်တော့ဘေး
မှာခါး၀တ်ပုဆိုးသာ၀တ်ထားပြီးအပေါ်အကျီဗလာ
ကျင်းနဲ့ခန္တာကိုယ်ကိုအရင်ဆုံးတွေ့လိုက်ရသဖြင့်
လန့်ဖြန့်ကာထထိုင်မိသည်။
နောက်သေချာပြန်ကြည့်မှ..အစ်ကိုပါလား..
သြော်မနေ့ကငါလက်ထပ်ပြီးပြီပဲ...
မင်္ဂလာဆောင်ပြီးခင်ပွန်းသည်ကိုမေ့နေတဲ့ကိုယ့်အဖြစ်ကိုတွေးပြီး..မူနွဲ့ဟက်ဟက်ပက်ပက်ရယ်မိသည်။
အစ်ကိုကတော့ဘာမှမသိရှာလို့အိပ်မောကြနေဆဲပင်...
မူနွဲ့ခြင်ထောင်ထဲကထွက်ပြီးကုတင်ပေါ်ကအသာ
အယာဆင်းလိုက်သည်။
မူနွဲ့အတွက်အခန်းထဲထည့်ပေးထားတဲ့မှန်တင်ခုံမှာ
ထိုင်ကာဘီးဖီး၊အ၀တ်လဲပြီးမှ..အခန်းအပြင်ဘက်
ကိုအရိပ်အခြေလှမ်းကြည့်တော့..အိမ်သားတွေက
အကုန်နိုးနေကြပြီဖြစ်သည်။
ယောက္ခမအိမ်အ၀င်မှာမှအိပ်ယာထနောက်က်မိလို့
ကိုယ့်ကိုယ်ကိုအပြစ်တင်လိုက်ပြီး..ကပြာကယာနဲ့ရေကပြင်ကိုဆင်းကာမျက်နှာသစ်၊သွားတိုက်ခြင်းအမှုပြုသည်။

ပြီးတော့အခန်းထဲပြန်၀င်ကာသနပ်ခါးပါးပါးလူးပြီး.
အပြင်ပြန်ထွက်ပြီးယောက္ခမအနားသွားကာ..
" အမေ မူနွဲ့မနက်စာဘာပြင်ပေးရမလဲဟင်..."
" သြော် နိုးပြီလား၊ ညကကောအိပ်လို့ပျော်ရဲ့လား..."
" ရှင်..ဟုတ်"
" အေး အေး လာထိုင်လေ၊ ငါတို့ကမနက်စာစားပြီးပါပြီ၊ ဒီမှာလက်ဖက်ရည်နဲ့နံပြား၊ပဲပြုတ်ကောဆယ်
ပြား၀ယ်ပြီးလာပို့သွားတယ်၊ ညည်းတို့အတွက်"

" အစ်ကိုနှိုးမှပဲ အတူစားပါတော့မယ်.."
" အမလေး ညည်းယောက်ျားအနိူးကိုသာစောင့်စား
ရင်အူကနံမှာကပ်နေမယ်..စားစရာရှိတာကိုယ့်ဟာကိုယ်စားစမ်းပါအေ..."

" ဘာတွေအတင်းပြောနေတာလဲ..."
" အံမယ် ကြားသားမိုးကြိုးပါလား..."
တေဇဘုန်းကျော်ကအခန်းထဲကနေအိပ်ယာထပုံစံ
နဲ့ထွက်လာပြီး..ရေကပြင်မှာဝုန်းဝုန်းနဲ့မျက်နှာသွား
သစ်သည်။ပြီးတော့ ခါတိုင်းလိုပုဆိုးစနဲ့သုပ်ဖို့လုပ်
ပြီးမှ..မူနွဲ့ကြည့်နေတာကိုသတိရပြီး..
" မူနွဲ့ အစ်ကိုကိုခဏစောင့်..."

ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)Where stories live. Discover now