အပိုင်း-၂၁unicode

6.4K 305 68
                                    

၂၁ ပန်းနွယ်ကို‌လေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ.....
             အပိုင်း-၂၁(ဇတ်သိမ်းပိုင်း ၁)

"မသွားဘူး.. ငါတို့ဒီကနေပဲ ကင်းပုန်းစောင့်မယ်"
မွှေးထားသောမီးပုံကိုမီးငြိမ်းကာ..နှစ်ယောက်တစ်ဖွဲ့သုံးယောက်တစ်ဖွဲ့အမှောင်ထဲမှာပုံးပြီးရပ်ကွက်ထိပ်မှာကင်းစောင့်နေခဲ့သည်။
အခြေအနေကတစ်နာရီလောက်ကြာသည်အထိ
ဘာမှမထူးခြားပါ။အစောင့်လူငယ်တွေတောင်အမှောင်ကြောင့်တဖြေးဖြေးအိပ်ငိုက်လာရသည်။

သူလည်းကိုမာလတော့သူ့ကိုနောက်ပြီဟုထင်ပြီးအိမ်ပြန်တော့မယ်လုပ်ကာမှ...
ကူ ကူဆိုပြီးချိုးကူသံအတုကိုကြားလိုက်ရသည်။
အနားကခွေးပါဆတ်ခနဲခေါင်းထောင်ကြည့်သည်။

ဒီအသံကိုတခြားလူသာဆိုကျေးဌက်သာရကာအသံလို့ပဲထင်လိုက်မှာပေမယ့်..သူကတော့ဒါက
မသမာသူတွေသုံးတဲ့သင်္ကေတမှန်းသေချာပေါက်
သိသဖြင့်.. ငြိမ်ပြီးသေချာအာရုံစိုက်ကြည့်နေလိုက်
သည်။

ခဏကြာတော့ရပ်ကွက်ထဲကဆိုက်က္ကားတစ်စီးသူတို့ထိပ်ဘက်ရောက်လာပြီး..သူတို့ကင်းစောင့်တဲ့နေရာကိုအခြေအနေကြည့်ကာဘယ်သူမှမရှိထင်မှ..
ဂိတ်တံခါးကိုဖွင့်ပေးပြီးအပြင်ထွက်ပါသည်။

သြော်ဒီဆိုက်က္ကားသမားကတစ်ဖွဲ့ထဲကိုး၊ဒါကြောင့်သူတို့ကိုခုနကမီးလောင်တဲ့ဘက်ကိုမြှားခေါ်နေတာ
ဖြစ်နိုင်သည်။
ခဏကြာတော့ဆိုက်က္ကားသမားအပြင်လူစိမ်း၆
ယောက်ကလမ်းအတိုင်းပြန်ဝင်လာပါသည်။
အဲ့တော့မှသူအပါအဝင်ကင်းသမားတွေလည်းနေရာကနေအလျှိလျှိထွက်လာကြပြီး..
" ရပ် ဘယ်သူလဲ ညကြီးအချိန်မတော်ဘာလာလုပ်
တာလဲ.."
" ဟေ ကင်းစောင့်တွေလား..ငါတို့ကဒီရပ်ကွက်ထဲမှာမီးလောင်လို့လူစိမ်းရှိမရှိဧည့်စာရင်းလာစစ်တာ"

" ဟုတ်တယ် ဟုတ်တယ် ငါလည်းဒီရပ်ကွက်ကပဲ
ဒီကဆရာကြီးတွေကဧည့်စရင်းစစ်မယ်ဆိုလို့"

ဆိုက်က္ကားသမားကပါဝင်ပြီးသက်သေထူတော့ကင်းသမားတွေကဟုတ်မဟုတ်ဝေခွဲရခက်နေသည်။
တေဇဘုန်းကျော်ကဓာတ်မီးယူပြီးလူစိမ်းတွေမျက်
နှာကိုတစ်ယောက်ချင်းထိုးကြည့်ပြီးမှ...

ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)Where stories live. Discover now