၈.ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ.....
အပိုင်း-၈
ကျောင်းမှာဆိုနေ့လည်ထမင်းစားချိန်ရောက်ရင်..
ကျောင်းသားအများစုကအိမ်ပြန်ကာထမင်းစားကြ
သည်။ထမင်းဗူးထည့်လာတဲ့သူကနဲနဲ၊အိမ်ကလာပို့
တဲ့သူဆိုတာ အတန်းငယ်တွေမျှသာရှိသည်။
အတန်းကြီးတွေကတော့ ဒေါင်ဆိုတာနဲ့အိမ်ပြန်ပြေးစားကြတာပဲ၊ တချို့ကျောင်းသားတွေကပြေးပြီးရင်ပြန်မလာတော့ဘူး၊နောက်နေ့ရိုက်လည်းမမှတ်ကြတဲ့အဲ့လိုပေတလူလေးတွေလည်းရှိသည်။၇တန်း၊၈တန်းကကြီးကောင်ဝင်နေတဲ့ကျောင်းသား
တွေဆိုသူတို့ကမူနွဲ့တို့လိုမရိုက်တတ်တဲ့ဆရာမတွေဆိုသိပ်မကြောက်ပါ။
မျက်နှာထားကိုတင်းနေအောင်ထားပြီး၊ကြိမ်လုံးတကားကားနဲ့အမြဲမျက်လုံးဒေါက်ထောက်ကြည့်ပြီး
နွားကျောင်းသားလို ဆုံးမနေတဲ့ဆရာကျော်ထင်တို့
လိုဆရာမျိုးကိုမှအသက်ရှိတယ်ထင်ကာ...ဆရာကျော်ထင်ကနှုတ်နဲပေမယ့်..သူ့ကျောင်းသား
တွေအပေါ်မှာတော့အသေကြပ်သည်။ကျောင်းမတတ်တာ၂ရက်ကျော်ရင်အိမ်အထိလိုက်ခေါ်တာမျိုး၊ မနှစ်က၈တန်းကျောင်းသားတွေကို ပိတ်ရက်တွေပါအချိန်ပိုသင်ပြီးကြပ်မတ်လိုက်တာ တန်းလုံးနီးပါးအောင်သွားသည်။
၈တန်းအောင်ဆိုရင် ရုံးစာရေးတို့ဘာတို့လုပ်လို့ရပြီ
မို့မိဘတွေကသူ့ကိုကျေးဇူးတင်ကာ ကျောင်းမှာဆရာကောင်းဆုရထားသည်။အခုလည်းထမင်းစားပြီးသည်နှင့် ကျောင်းပြန်မတတ်မှီကျောင်းသားတွေပြန်အလာကို ကျောင်းပေါက်
ဝမှာကြိမ်လုံးကိုင်ကာရပ်စောင့်နေပါသည်။" ဟိုကျောင်းသား ပုဆိုးသေချာဝတ်..."
" ဟိုတစ်ယောက် ဘယ်မြောင်းထဲကျလာတာလဲ
အခန်းထဲမ၀င်ခင်သေချာဆေးစမ်း..."
" ဟုတ် ဆရာကြီး..."ထိုစဉ်ကျောင်းပေါက်ဝသို့ရှားရောင်ဆလွန်းကားတစ်စီးထိုးရပ်လာပါသည်။ကားပေါ်မှဘောင်းဘီရှည်ဝတ်ထားတဲ့လူတစ်ယောက်ဆင်းလာကာ..
" ဒီမှာ ဗျို့ ကျောင်းဆရာ..တဆိတ်လောက်"
" ဘာကိစ္စရှိလို့ပါလဲ.."
" ဒီကျောင်းကဆရာမတစ်ယောက်နဲ့တွေ့ချင်လို့
ပါ ၊နာမည်ကမူယာနွဲ့လေ..."
YOU ARE READING
ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)
General Fictionမိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်းကျော်နဲ့ဆရာမလေးမူယာနွဲ့.... 1987ခုနှစ်ခေတ်ဇတ်လမ်းဖြစ်ပါတယ်။ photo credit/ မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး...