(ဇတ်သိမ်းပိုင်း ၂)🎵မူရာလေးမော့မော့..ဆံနွယ်ကြော့ကြော့မှာ
မင်းပန်ဖို့ရည်စူး ပန်ခူးခဲ့ပြီ...................
လှပါတယ်မေရယ်........ပန်းကလေးတစ်ပွင့်လို
ပန်းချစ်သူမူရာသွေးအေးမြလှတယ်.......ကဗျာနွဲ့နွဲ့ စာနွဲ့နွဲ့ ..............
ကဗျာရေးရေး စာရေးရေး........
လှလှပပ ချစ်သူ့မျက်နှာ...........
ကဗျာတွေ စာတွေ သီဖွဲ့လို့မမှီ....။လေပြေလေးသော့သော့...ဆံနွယ်နော့နော့မှာ
ပန်းနွယ်ကိုလေပြေရိုင်းနမ်းရှိုက်ခဲ့ပြီ.....။ချစ်သူရေငိုပါနဲ့ကွယ်.. .ပန်းကလေးနွမ်းလျှင်
ပန်းကြိုက်သူမူရာသွေးတွက်..ပန်းတစ်ခင်းပျိုးထားတယ်.......။နေရိုင်းရိုင်းလေရိုင်းရိုင်း...နေအေးအေး လေသွေးသွေး .....ပန်းကလေးနွမ်းလို့ စိုးထိတ်နှင့်လေ
တစ်ပွင့်ကြွေလျှင် တစ်ပင်လုံးမောင်ယူလာခဲ့မယ်...
........။ရက်လည်တဲ့ညသန်းခေါင်မှာဓျာပနပွဲကိုသိမ်းပြီး
အားလုံးလည်းတိတ်ဆိတ်စွာနဲ့အိပ်ယာဝင်ကြစဉ်...အိပ်ခန်းရဲ့ပြတင်းပေါက်အတွင်းသို့အိမ်ရဲ့အရှေ့
ဘက်ကနေတိုးတိုက်ဝင်လာသောလေပြေနဲ့အတူ..
သီချင်းသံပါပျံ့နှံ့လာတော့..မူနွဲ့အိပ်ယာကနေဆတ်
ခနဲလန့်နိုးလာသည်။
ဒီအသံက....အစ်ကိုလား အစ်ကို ဟုတ်ပါတယ်။မူနွဲ့ကသူ့ကိုလာစောင့်အိပ်ပေးနေတဲ့အမြင့်ကိုကျော်ကာအခန်းထဲကနေပြေးထွက်လာခဲ့သည်။
ခြံထဲကကွပ်ပျစ်မှာအကျီအဖြူရောင်နဲ့ကွက်စိတ်ပု
ဆိုးနဲ့လက်နှစ်ဖက်ကိုနောက်ပစ်ပြီးကွက်ပျစ်ပေါ်ကို
ထောက်ထားရင်း အိမ်ဘက်ကိုကျောပေးပြီးခေါင်း
မော့ကာသီချင်းဆိုနေတဲ့ အစ်ကို့ကိုတွေ့လိုက်ရသည်။
မူနွဲ့အင်မတန်မှဝမ်းသာသွားပြီး...
" အစ်ကို့.............."
မူနွဲ့ကအိမ်အ၀င်ဝမှာရပ်ပြီးလှမ်းခေါ်လိုက်တော့..
သူကမူနွဲ့ဘက်ကိုခေါင်းလှည့်ကြည့်လာပြီး ပြုံးပြပါ
သည်။
" အစ်ကိုတကယ် အစ်ကိုပဲ...."မူနွဲ့ကပြေးပြီးသူ့ကိုတင်းကြပ်စွာဖက်ထားပြီးသူ့ရင်
ခွင်ထဲခေါင်းတိုးဝင်ကာ..
" အစ်ကို ဘယ်သွားနေတာလဲ ဟင်...
ဘယ်တွေသွားနေတာလဲ .....
အစ်ကိုတကယ်ပြန်မလာတော့ဘူးထင်ပြီးကျွန်မအ
ရမ်းကြောက်နေခဲ့တာ....
နောက်ဆိုဘယ်သူလာခေါ်ခေါ်လိုက်မသွားပါနဲ့တော့ အစ်ကိုရယ် ..နော်....
ကျွန်မ အစ်ကိုမရှိရင် သေလိမ့်မယ်....
YOU ARE READING
ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)
General Fictionမိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်းကျော်နဲ့ဆရာမလေးမူယာနွဲ့.... 1987ခုနှစ်ခေတ်ဇတ်လမ်းဖြစ်ပါတယ်။ photo credit/ မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး...