Chapter - 50

14.5K 722 43
                                    

မုဒြာအိပ်ယာကနေနိုးထလာတော့ ညကဖြစ်ခဲ့တာတွေအားလုံးကို အိမ်မက်ဟုသာထင်နေခဲ့သည် ။ အိမ်ရှေ့ခန်းသို့ ဧကရာဇ်မောင် ပြောင်းရွှေ့လာတာကို ခုထိမယုံကြည်နိုင်သေးပေ ။

နာရီကိုကြည့်လိုက်တော့ မနက် ၇ နာရီပင်ရောက်ရှိနေပြီမို့ မုဒြာညကနှိုးဆက်မပေးပဲအိပ်မိသွားမှန်း သတိရသွားသည် ။  အရင်ကဒီအချိန်ဆို ဗိုက်ဆာပြီး တပူပူတညံညံနဲ့ ဂျီကျနေတတ်တဲ့ သားလေးက ခုတော့အခန်းထဲမှာရှိမနေပေ ။ မုဒြာမျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး အခန်းထဲကထွက်လာတော့ ဧည့်ခန်းထဲမှာလဲ လူရိတ်လူယောင်တောင် မတွေ့ရပေ ။

အခန်းရဲ့တံခါးသော့ ပွင့်နေတာကိုတွေ့လိုက်ရတော့ အရင်တစ်ခါကလို သားလေးအပြင်ကို တစ်ယောက်ထည်းထွက်သွားပြီထင်ပြီး မုဒြာရင်ဘက်တစ်ခုလုံး အပူမီးများ တောက်လောင်လာတော့သည် ။ အပြင်ထွက်ကာ ရှာဖွေဖို့ပြင်နေခိုက် မီးဖိုချောင်ဘက်က ရယ်သံသဲ့သဲ့လေးနှင့် စကားပြောသံတစ်ချို့ကိုကြားလိုက်ရသည် ။

မုဒြာ ထမင်းစားခန်းဘက်သို့သွားကာ ချောင်းကြည့်လိုက်တော့ သားလေးနဲ့ ဧကရာဇ်မောင်ဟာ မနက်စာအတွက် မုန့်တွေကိုစိတ်ဝင်တစားပြင်ဆင်နေတာကို တွေ့လိုက်ရသည် ။ ကုကုလေးက ကိတ်ပေါ်ကို သစ်သီးယိုစမ်းပြီးအရုပ်ပုံလေးတွေဖော်နေသည် ။

" ဦးဦး … သားဟာကပိုလှတယ် ကြည့် "

" ဟုတ်ပါပြီကွာ … ဦးကသားလောက်မတော်လို့ သင်ပြပေးပါဦး "

" သားသင်ပေးမယ် … သေချာလိုက်ကြည့်ထားနော် "

သားလေးက လက်ပေါက်စလေးနဲ့ သူကြွမ်းကျင်ရာအရုပ်ပုံစံကို ဖန်တီးကာ ပျော်ရွှင်နေသည် ။ ဧကရာဇ်မောင်ကလဲ သူ့ရဲ့သားလေးအား ပီတိအပြုံးတွေနဲ့ ငေးမောကာကြည့်နေသည် ။ သူ့ရဲ့မျက်ဝန်းဒေါင့်ကနေ မုဒြာရပ်ကြည့်နေတာကိုမြင်တော့ ဧကရာဇ်မောင်အပြုံးတွေက ပို၍တောက်ပလာကာ မုဒြာထံပြေးလာခဲ့သည် ။

" မုဒြာ … နိုးပြီလား "

ဒီအခြေအနေကို နားလည်ရခက်ခဲနေ၍ မုဒြာ ဧကရာဇ်မောင်ရဲ့ ရင်ဘက်ကို လက်ဖြင့်တင်ကာစမ်းသပ်နေမိသည် ။ သူ့အရှေ့မှာ မြင်နေရတဲ့လူသားက သူ့ရဲ့လက်တွေကို ဖမ်းဆွဲလိုက်တော့မှ ထိုမြင်ကွင်းဟာ ပုံရိပ်ယောင်တစ်ခုမဟုတ်နေပဲ အမှန်တကယ်ဖြစ်ပျက်နေတာမို့ မုဒြာပြာပြာသလဲဖြစ်ကာ လက်ကိုပြန်ရုတ်သိမ်းပြီး မေးလိုက်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now