( အခြေအနေတွေကြောင့် ပျက်ကွက်မိ ပြီ 💜 တောင်းပန်တယ်နော် )ကလေးငယ်က ကျွန်တော်အပေါ် လျစ်လျူရူမပျက်ခဲ့ပါဘူး ၊ ကိုယ်လုပ်ခဲ့တဲ့ အပစ်ဆိုတော့ ပြန်လည်ချေပခွင့်မရှိ သူ့အနား ကပ်ရဖို့အရေးပဲ အမြဲတွေးနေမိတဲ့ ကျွန်တော်က အခွင့်အရေးကို ကျားချောင်းချောင်းနေရတယ်။ ကလေးငယ်က လျစ်လျူရူတက်ရင် ကိုယ်က တစ်ဆ ထက် တစ်ဆ ပိုပြီး ကပ်တွယ်တက်ပြီး သားငယ်က ကိုယ်တို့ယုံကြည်မြတ်နိုးရာမို့ ကိုယ်အတွက် ခွန်အားအပြည့်ပါကလေးရေ။
" ကလေး..."
" လွတ်စမ်းပါ "
တွေ့ဆုံပွဲပြီး မားတို့အတူရယ်မောနေသော သားငယ်က kitchen ခန်းထဲမှာ Jack တ်ို့စုံတွဲကြားကြား ရယ်မောသံက အိမ်တော်အနှံ့ လွင့်ပျံလျှက်။
ပန်းဥယျာဉ်ထဲရှိ မွှေးရနံ့ကြိုင်တဲ့ ပန်းခင်းကြီးအလယ်၊ ဒါန်းဖြူဖြူလေးပေါ် ထိုင်ပြီး ပန်းရနံ့ကိုရူရိူက်နေသူလေးကို သားငယ်အကြောင်းပြုလို့မျက်နှာချင်းဆိုင်ဖို့ ဖန်လာခဲ့ပြီ။ ပန်းရနံ့တွေ ဆောင်ယူလာတဲ့ သူ့ကိုယ်သင်းရနံ့လေးကို မက်မက်မောမောကိုရူရိုက်ရင်း တစ်လှမ်းခြင်းလှမ်းနေသည်ကား ကလေးဆီသို့။
ဒန်းဖြူဖြူလေးကို ခြေတစ်ဖက် ထောက်ပြီး လွှဲ ရမ်းနေသော ကလေးငယ် က ကိုယ်ခြေသံကြောင့် နောက်ပြန်တပ်ခေါက်ဖို့ ပြင်နေသည်။ ကိုယ်ဆီက ပြေးဖို့ပြင်နေသော ကလေးငယ် ဘယ်ဘက်လက်လေးအား ဆွဲကိုင်လို့တားမိရင်း မြတ်နိုးရသော မျက်တောင်ရှည်တွေကြားက မျက်ဝန်းဝိုင်းတွေကို ချစ်မေတ္တာပြည့်ဖြင့် ကြည့်နေမိသည်။ အချိန် ကြာပြီဖြစ်သော နူးညံ့လွန်းတဲ့ သူလေးရဲ့ အသားအရည်အထိအတွေ့ ကြောင့် ပိုပြီး နူးညံ့လာသယောင် သားငယ်အသားအရည်အလား ပိုးသားလို အိစက်စက်။ ကိုယ်မြင်ရင် ရှောင်ထွက်ဖို့ တာဆူနေသူလေးကို ငဲ့ပြီး အဝေးကပဲကြည့်ကာ ရောင့်ရဲခဲ့ရသည်က အကြိမ်ကြိမ်။
ကိုယ်လွမ်းလှပြီမို့ ပြေးမထွက်ပါနဲ့လား ကလေးငယ်။
" ကလေး ...."
" မနက်ဖန် ကိုကို လာခေါ်မယ်နော် "
" ဒါပဲမဟုတ်လား "

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...