( မိသားစုနှင့်အတူ ပျော်ရွှင်စရာ တန်ဆောင်တိုင်ညလေးဖြစ်ပါစေ 🙏)
(တန်ဆောင်တိုင် surprised 🔔.............)" အစ်ကို ...."
" ဟာ....ဦးဦးမြဲ ...သားသားကိုလာခေါ်ပါ "
ရင်ခွင်အောက်က သားငယ့်အသံလေးကြောင့် ကလေးငယ် ကြည့်နေသည့်နေရာသို့ လှည့်ကြည့်မိသည်။
ပေါ့ပါးသော Formal suit ကို coat မပါဘဲ ဝင်ဆင်ထားသူ ဒေါက်တာတည်မြဲ ဟုခေါ်သော သားငယ်၏ ခေါင်းကိုင်ဖခင်။
ရင်ခွင်ထဲကနေ လစ်ကနဲရုန်းထွက်၍ ဒေါက်တာဆီ ပြေးသွားပါသော သားငယ်ကို ကြည့်၍ အံ့ဩနေမိသည်။ ကိုယ့်ကိုကျော်၍ ဒေါက်တာဆီ ခြေဦးလှည့်နေသူလေးကိုကြည့်ပြီး ဝမ်းနည်းမူက တနှင့်တပိုး ။ ဆုံးရူံးခဲ့ဖူးတဲ့ အချိန်တွေကြောင့် ဆုံးရူံးမူဒဏ်ကို ကြောက်လန့်နေသူ ၊ ကြောက်လန့်နေသူမှ တိုက်ခတ်ပြန်တဲ့ မုန်တိုင်းကြမ်းတွေ၊ သိမ်းပိုက်လိုသော သားငယ်အချစ်တွေကို တခြားသူလက်ထဲ ထည့်မပေးနိုင်သည့် ဆန္ဒတွေကြောင့် ထိုလူသုံးဦးအား မျက်တောင်မခတ်ဘဲ ငေးကြည့်မိသည်။
" ချီ....ဦးဦး.....သားသားကို ချီပါ "
ဧည့်ခန်းထဲက ကိုယ့်ဆီကို စိုက်ကြည့်နေပါသော ဘေဘီ့ဒယ်ဒီဆိုသူကြောင့် ကောင်းစစ်လေးအနားအလာကို ပြုံး၍သာဆီးကြိုမိသည်။ စူးရှရှအော်သံလေးကြောင့် လက်နှစ်ဖက်ဆန့်တန်း၍ ချီပိုးစေချင်သူလေးအား အနည်းငယ်ကိုယ်ကို ကိုင်းကာ ပွေ့ချီပေးနေမိသည်။ မိမိလည်ပင်ကြား မျက်နှာလေးအပ်ပြီး အဟိဟိ ရယ်ရွှင်နေသူလေးကသာ သောကကင်းသူလေး ၊ အတွေးမများသူလေး...ချစ်စရာ ကောင်းစစ်လေး။
" အစ်ကို အလုပ်ကပြန်လာတာလား "
အစ်ကိုတည်မြဲ ပွေ့ချီထားသော သားငယ်နောက်ကျောလေးကိုပွတ်သပ်၍ မေးမိသည်။ ဒီလူကြီး ရန်ကုန်ရောက်မှ အချိုးတွေပြောင်းနေတာ ။ အိမ်ဖက်ကို သိပ်မလာဖြစ်ဘူးလေ ။
" ဟုတ်ပဗျာ ....duty စောလို့ ဝင်လာလိုက်တာ "
" သားငယ် ဦးဦးက အလုပ်ကပြန်လာတာ ပင်ပမ်းနေရောပေါ့ ၊ လာပါးပါးဆီ ...."

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...