အပိုင်း(၆၁)

11.7K 657 29
                                    

ကျွန်တော့် ဆိုင်မှာ တချို့သော Cele တွေနားနေရာ အရပ်၊ ထက်ပိုင်တို့လို ချမ်းသာသူတို့ နားနေရာ ၊ လူငယ်အများစုပျော်မွေ့ရာ နေရာ အဖြစ် YOUR BAR မှာ ပျာ်ရွှင်စွာ ရှိတက်ကြသည်။ လုံခြုံ​ရေး တင်းကြပ်ထားသော နေရာ ၊ ဆိုင်တွင်း ဖြစ်ခဲသောမတော်တဆမူများ စသည့် information ကို ပြင်ပသို့ အယူမခံသော နေရာ ဖြစ်သောကြောင့် personal care လုပ်တက်ကြသော ချမ်းသာသူများစွာနှင့် နာမည်ရ cele တွေအတွက် ပို၍ အဆင်ပြေသည်။

နာမည်ရက ပုဂ္ဂိုလ်တွေလာရင် ဝိုင်းငေးတက်သော လူ့သဘောသဘာဝကြောင့် အများ သူငါ အကြည့်များဆီ အရောက် ကျွန်တော်အလိုလို မတ်တပ်ရပ်ပြီ ရောက်လာသော အထူးဧည့်သည်တော်ကို အပြေးလေးနူတ်ဆက်မိသည် ။

" ရောက်လာပြီလား ရဲရင့် ၊ မမြင်ရတာကြာလို့လားမသိ ပို ကြည့်ကောင်းလာတယ်နော် "

" မဟုတ်ရပါဘူး ကိုရန်ရာ ၊ ဒီအတိုင်းပါ မပြောင်းလဲပါဘူးဗျ ဟိုကောင်တွေရောက်နေတာ ကြာပြီလား "

" နောက်ကြပါ့လား ကလေးအဖေရ ဘာလိုလဲ သားအနားကပ်နေလား ၊ အမျိုးသားအနား ကပ်နေလား ? "

နာကျင်စရာ အတိတ်တွေကို ဖုံးကွယ်ပြီး ပြုံးပြနေရသော ရဲရင့်စိတ်ကို တခဏ ပြုံးပျော်စေချင်တယ် ။ အဆင်ပြေမှာပါ ကွာလို့ အားပေးတဲ့ သဘောအနေနဲ့ ရယ်စရာ စကားနှင့်အရွှန်းဖောက်ပြောမိသည်။

" မဟုတ်ရပါဘူးကွာသားငယ်က အတူတူ ကစားရအောင်ပြောလို့ ငါ နောက်ကြနေခဲ့တာ sorry ကွာ ကိုရန်ရော အားလုံးအဆင်ပြေလား "

" ငါက မပြောင်းလဲပါဘူးကွာ ၊ ငါ့ညီက ပြောင်းလဲလာတယ်နော် အေးကွာ အစ်ကိုတို့အဆက်ပြတ်နေတာ ခုမှ သိရလို့ စိတ်မကောင်းဘူးကွာ ၊ စိတ်မညစ်နဲ့ ကြိုးစားထား အားလုံး အဆင်ပြေမှာပါ မိသားစုပဲလေ "

" ဟုတ် ကိုရန်၊ ကျွန်တော် အဆင်ပြေပါတယ် "

" ဟုတ်တယ် ရဲရင့်ရ အရင်ကထက် ပိုပြီး ကောင်းတဲ့အခြေအနေဘက် ရောက်လာတာပဲ တခဏပါ ကွာ အားလုံး အဆင်ပြေမှာပါ ၊ အားတင်းထား၊ တခုခုဆို ငါတို့ရှိတယ် အားလုံးအတူတူပေါ့ "

" အေးပါ ထက်ပိုင်ရာ မင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်၊ ငါကြိုးစားမှာပါ "

ချစ်ခြင်းတို့အလွန် Where stories live. Discover now