Character Intro

10.3K 278 5
                                    

Apo Nattawin

"Kneel down or I will punish you !*

အခန်းထဲ၌ ဟိန်းကနဲ ထွက်လာသည့် အမိန့်သံဟာ သြဇာအာဏာသိပ်ရှိလှသည်ဟု အသံပိုင်ရှင်ဟာ ထင်ကောင်းထင်နိုင်ပါသည်၊၊ သို့သော် မျက်လွှာချထားသည့် အညိုရောင်မျက်ဝန်းတစ်စုံဟာ လျှပ်တစ်ပြက်ဝင့်ကာ ကြည့်လာသည့် အခါတွင်တော့ တစ်ဖက်လူ၏ ယုံကြည်မှုလွန်ကဲနေသည့် အကြည့်များဟာ ဂယောက်ဂယက် ဖြစ်လို့လာလေတော့သည်၊၊ ထို့နောက် တစ်ဖက်လူအား စူးရှစွာ တစ်ချက်သာ စိုက်ကြည့်လိုက်သည့်အခါမှာတော့ ထိုလူဟာ အညိုရောင်ညှို့အားပြင်းသည့် မျက်ဝန်းတစ်စုံအောက်တွင် ကျရှုံးသွားခဲ့ရပြီဖြစ်လေသည်၊၊
မိမိ၏ အကြည့်တစ်ချက်နှင့်ပင် ကျရှုံးသွားသည့် ထိုလူအား ကြည့်ကာ လှပသေသပ်လှသည့် နှုတ်ခမ်းပါးတစ်စုံဟာ အနည်းငယ် ကွေးညွှန့်လို့လာလေသည်၊၊

ထို့နောက် လက်နှစ်ဖက်အား ဖဲကြိုးသဏ္ဍာန်ချည်ထားသည့် necktie အနက်ရောင်အား ကိုယ်တိုင်ပင် သွားနှင့် ကိုက်ကာ ဖြည်လိုက်ရင်း ထို necktie နှင့်ပင် သူ့ရှေ့ရှိလူ၏ မျက်နှာအား နှစ်ချက်ခန့်ပုတ်ပေးလိုက်လေသည်၊၊

*နောက်တစ်ခါ ဟောက်စားလုပ်ချင်တိုင်း Dom နာမည် လာမယူနဲ့ ၊၊ ဆော့ချင်ရင် အခြားကစားကွင်းကို သွားရှာ !*

ထို့နောက် အရှုံးသမားနှင့်တူသော သူအား ကိုယ့်နေရာကိုယ်သိစေရန် ခြေစခေါင်းဆုံး သိမ်းကြုံးကြည့်ပစ်လိုက်ကာ အခန်းထဲမှနေ၍ တစ်လှမ်းချင်းစီ အောင်နိုင်သူပမာ ထွက်လာခဲ့လိုက်လေတော့သည်၊၊

ဤတစ်ယောက်နှင့်ပါ ပေါင်းထည့်လိုက်လျှင် သူ့ဆီမှ အရှက်ခွဲခံခဲ့ရသည့် Dom များဟာ လက်ဆယ်ချောင်းပင် ကျော်လွန်နေပြီ ဖြစ်လေသည်၊၊

********** *********** *********

Mile PhakPhum

သုံးနှစ်ရှိခဲ့ပြီ ၊၊ နေဝင်ချိန် နေထွက်ချိန်တွေဟာ သူ့ဘဝအတွက် စိတ်ကူးယဥ်ဆန်မနေတော့ဘူး၊၊ လူစုံတက်စုံနဲ့ ပျော်ပါးနေကြတဲ့ party တွေဟာ သူ့ရဲ့ စိတ်အာရုံကို အနှောက်အယှက်ပေးနိုင်ရုံမှအပ ပျော်စရာကောင်း မနေတော့ဘူး၊၊ ထိုအရာတွေအားလုံးဟာ အနိုင်ရရှိခြင်းရဲ့ အရသာကို သူမြည်းစမ်းခွင့်မရတော့တဲ့ အချိန်ကနေစပြီး ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေသည်၊၊

Don't be Stubborn ! Baby Where stories live. Discover now