Part-12(Respect & Obey)

3.9K 259 31
                                    

အခန်းထဲ၌ နာရီလက်တံလည်သံ တစ်ဂျောက်ဂျောက်ဟာ စက္ကန့်နှင့်မလပ် ကြားနေရပေသည်၊၊ ပုံမှန်ဆို ထိုအသံဟာ တိုးညှင်းလွန်းလှသော်လည်း ပိတ်ထားသည့် တံခါးကိုသာ မမှိတ်မသုန်ကြည့်နေသည့် Mile Phakphum အတွက်တော့ ထိုအသံဟာ နားထဲ၌ ကျယ်လောင်စွာ မြည်းဟည်းနေလေတော့သည်၊၊

Mile နောက်ဆုံးတစ်ခွက်အနေနှင့် ငှဲ့ထားသည့် Rum ခွက်အား စားပွဲပေါ်မှ ယူလိုက်ကာ အကုန်လုံးမော့ချ ပစ်လိုက်အပြီးမှာတော့ တစ်စုံတစ်ခုအား စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီး ဖန်ခွက်အား စားပွဲပေါ်သို့ ဆောင့်ချပစ်လိုက်တော့သည်၊၊ ပြီးနောက် လက်ကောက်ဝတ်မှ နာရီအား ကြည့်လိုက်သည့်အခါ 8 နာရီ ခွဲအား တစ်မိနစ်နှင့် စက္ကန့်ပိုင်းလောက် ကျော်သွားပြီ ဖြစ်တာမို့ သူသည်လဲ ထိုင်နေရာကနေ ထကာ ရပ်လိုက်လေတော့သည်၊၊

ဝုန်း!

သို့သော် အချိန်ကိုက်ပင် ဝုန်းကနဲ အသံမြည်ကာ ပွင့်လာသည့် တံခါးကြောင့် Mile ၏ လှုပ်ရှားမှုများဟာ ရပ်တန့်သွားပြီး တံခါးရှိရာသို့ သူ၏ အကြည့်များအား ပို့လိုက်လေသည်၊၊ ထိုအခါ shirt အင်္ကျီအနီရောင် လက်တို အား ကြယ်သီး နှစ်လုံးခန့်ဖွင့်ကာ ဝတ်ထားပြီး စင်စွယ်ရောင် ဒူးပေါ်နေသည့် ဘောင်းဘီတိုနှင့် ကောင်လေးအား တွေ့လိုက်ရလေသည်၊၊

သို့သော် အချိန်ကိုက်ပင် ဝုန်းကနဲ အသံမြည်ကာ ပွင့်လာသည့် တံခါးကြောင့် Mile ၏ လှုပ်ရှားမှုများဟာ ရပ်တန့်သွားပြီး တံခါးရှိရာသို့ သူ၏ အကြည့်များအား ပို့လိုက်လေသည်၊၊ ထိုအခါ shirt အင်္ကျီအနီရောင် လက်တို အား ကြယ်သီး နှစ်လုံးခန့်ဖွင့်ကာ ဝတ်ထားပြီး စင်စွယ်ရ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

♥Cute cute  ʕ→ᴥ←ʔ ♥

ထိုကောင်လေးဟာ ပါးစပ်၌ lollipop တစ်ခုအား စုတ်လာရင်း အခန်းထဲသို့ ပေါ့ပေါ့ပါးပါးပင် ဝင်လာလေတော့သည်၊၊ Sneaker အား အပန်းရောင်တစ်ဖက်၊ အဝါရောင် တစ်ဖက်ဝတ်ထားသည့် ထိုကောင်လေး၏ ပုံစံဟာ သူမြင်နေကြ ထိုကောင်လေး၏ ပုံစံ မဟုတ်ပေ၊၊ ထို့အပြင် ထိုကောင်လေး၏ အေးဆေးကာ ‌ ပေါ့ပါးနေသော မျက်နှာကြောင့် Mile အံကို ကြိတ်ကာ သက်ပြင်းတစ်ခုချလိုက်ပြီး ခုံ၌ ခြေထောက်ချိတ်ကာ ပြန်ထိုင်လိုက်လေသည်၊၊

Don't be Stubborn ! Baby Where stories live. Discover now