Part-27

2.5K 200 14
                                    

ဂျိန်း!

အနည်းငယ် ကျယ်လောင်လှသည့် သံတံခါး ဖွင့်သံ အဆုံးမှာတော့ အပေါ်သို့ ပင့်တက်သွားသည့် တံခါးရွက်ကြီး၏ နောက်၌ ပေါ်လာသည့် အခန်းတစ်ခုကြောင့် Apo ၏ မျက်လုံးလေးတွေဟာ ချက်ချင်းပင် အရောင်လက်သွားလေတော့သည်။

*wow... ဒါက P'Mile အရင်က လေ့ကျင့်တဲ့ နေရာဆိုတာလား *

Apo ထိုတံခါးမကြီးမှ ဖြတ်သွားကာ အခန်းတွင်းရှိ လေ့ကျင့်ရေးဆင်းရာတွင် အသုံးပြုသည့် ပစ္စည်းများအား ကြည့်ကာ P'Mile အား မေးလိုက်ခြင်း ဖြစ်ပေသည်။

*ဆိုပါတော့ *

Mile တစ်ယောက်ကတော့ ထိုကောင်လေး၏ တစ်လဲ့လဲ့ တောက်ပနေသော မျက်ဝန်းအညိုရောင်လေးများကြောင့် ဒီကောင်လေး ဒီနေရာအား ဘယ်လောက်ထိ သဘောကျနေသလဲဆိုတာ သိနိုင်ပေသည်။ ထို့ကြောင့် ဤနေရာနှင့် လွန်စွာမှ ရင်းနှီးခဲ့သည့် သူဟာ locker code အား ရိုက်ထည့်ကာ ဖွင့်လိုက်ပြီး အတွင်းထဲမှ အားကစား ဘောင်းဘီ အကျပ်နှစ်ထည်အား ထုတ်ယူလိုက်လေသည်။

*ကဲ!  နောက်လာချင်ရင်လဲ အချိန်မရွေးပဲမို့ အခုတော့ အဆင်သင့် ဖြစ်ပြီဆို အဝတ်အစားလာလဲတော့ *

ကြိုးဝိုင်းများနှင့် သဲအိတ်များအား စိတ်လှုပ်ရှားစွာနှင့် လိုက်လံစမ်းသပ်ကြည့်နေသည့် ကောင်လေးအား Mile ခေါ်ကာ သတိပေးရလေသည်။ ဒီအတောအတွင်း မလုပ်ချင်သည့် စာများကို သူ၏ တစ်ချက်လွှတ်စကားကြောင့် ကုန်းရုန်းကာ လုပ်ထားသည့် ထိုကောင်လေးအား ဆုချချင်တာမို့ ထိုကောင်လေး စိတ်ကြိုက် အကုန်အလိုလိုက်ပေးမည်ဟု ဆုံးဖြတ်ထားသော်လည်း ထိုအဆိုးလေးဟာ သူနဲ့မှ လက်ဝှေ့ထိုးချင်ပါသတဲ့။

လုပ်ချင်လျှင် ဘယ်သူမှ တားမရသည့် ထိုကောင်လေး၏ အကျင့်ဆိုးလေးကြောင့် Mile သည်လည်း သဘောတူပေးလိုက်ရလေတော့သည်။ ထို့ကြောင့် ညစာကျွေးမည့် အစီအစဉ်အား အနောက်သို့ အနည်းငယ် ဆုတ်လိုက်ခြင်းသာ ဖြစ်ပေသည်။

ထို့နောက် တက်ကြွနေသည့် ကြက်ဖလေးလို Apo ဟာ ခန္ဓာကိုယ်ထက်ရှိ အဝတ်အစားများအား ချွတ်ကာ ကိုယ်ကျပ် ဘောင်းဘီတိုတစ်ထည်တည်းသာ ဝတ်ဆင်ကာ အကြောလျော့နေလိုက်လေသည်။P'Mile နှင့် အတူ ကစားရမည်ဖြစ်တာကြောင့် သူ၏ စိတ်ကော၊ ခန္ဓာကိုယ်ပါ လန်းဆန်းတက်ကြွလို့နေလေသည်။

Don't be Stubborn ! Baby Where stories live. Discover now