Part-25( I'm not jealous, I'm possessive)

3.7K 209 25
                                    

Apo သူ၏ ခြေလှမ်းများအား ပို၍ ပုံမပျက်စေရန် သေချာစွာထိန်းရင်းပင် နောက်တော့ ဝိုင်းရှိရာသို့ ပြန်လျှောက်လာလိုက်လေသည်၊၊ အားလုံးကတော့ ရုပ်အရမ်းမပျက်တဲ့သူ့ကို သတိထားမိမှာ မဟုတ်ပေမယ့် သူ့အား အချိုသာဆုံး ပြုံးပြလာသည့် MilePhakphum ဟူသည့် လူကြီးကြောင့် Apo လျှာနှင့် ပါးစောင်ကိုသာ ထိုးကာ နှာမှုတ်လိုက်လေတော့သည်၊၊

*ကြားလိုက်တာကွာ ! မင်း သန့်စင်ခန်းထဲ မဖွယ်မရာတွေများ သွားလုပ်နေတာလားလို့ *

ပြန်ထိုင်လိုက်တာနှင့် အကန်တွေကြီးပဲ စလာပြီ ဖြစ်သည့် Koe ဆိုသည့် သကောင့်သားအား Apo ဇာတ်ပိုးကိုသာ တစ်ချက်အုပ်ပေးလိုက်တော့သည်၊၊

*လခွမ်းလားကွ!*

*အ့! ချီးမို့ ရိုက်တာလားကွ !*

Apo နှင့် Koe တို့၏ တစ်ယောက်ကိုတစ်ယောက် ရန်သတ်နေမှုများအား ကြည့်ကာ Ryan ကတော့ ရယ်သာရယ်နေတော့သည်၊၊ Ryan ဟာ အဖော်သိပ်မက်သူဖြစ်ပြီး အခုလို သူ့နားမှာ ဟေးလားဝါးလား လုပ်နေသည်ကိုလဲ သဘောတွေ့ပေသည်၊၊ဒီလိုနှင့် သူငယ်ချင်းတွေ အချင်းချင်း စလိုက်နောက်လိုက် ဖြစ်နေသည့် သူတို့ ထိုင်နေသော ဝိုင်းလေးဟာ ပုံမှန်လိုပင် စိုစိုပြည်ပြည်နှင့် ဖြစ်လာလေတော့သည်၊၊

*အု့!*

Apo သူ၏ အာရုံများ သူငယ်ချင်းတွေဆီကို ရောက်သွားခိုက် သူ၏ တင်ပါးနောက်သို့ လက်နှင့် အုပ်ကိုင်လာသည့် P'Mile ကြောင့် အသံပင် ထွက်လုနီးပါး ဖြစ်သွားလေတော့သည်၊၊ ထို့ကြောင့် သက်ပျင်းကိုသာ အသာချကာ အရက်ငှဲ့ပေးသလိုနှင့် အနားသို့ ကပ်သွားလိုက်ရင်း Apo သတိပေးလိုက်ရလေတော့သည်၊၊

*ကျွန်တော် ပြီးသွားရင် P'Mile အပြစ်ပဲနော် *

သို့သော် P'Mile ဟာ မူမပျက်ပင် သူ့အား ပြုံးပြလို့လာလေသည်၊၊ ထို့နောက် ထပ်၍ ပြင်းသည့်အားနှင့် သူ၏ တင်ပါးအား ဆုပ်ကိုင်လာသည့်အခါ Apo အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်မိလေသည်၊၊

*မင်း ကိုယ်ခွင့်ပြုချက်မရရင် ပြီးလို့ မရဘူး Po *

Apo သူငယ်ချင်းများ သူ့ဘေးမှာ ရှိနေတာတောင် ဒီလို dirty words တွေကို အပြုံးလေးနှင့် ပြော နိုင်သည့် ဒီလူကြီးအား အမှန်ပင် လေးစားမိပေသည်၊၊
Mile Phakphum ဟာ ဒီလို အပြုံးချိုချိုလေးတွေနဲ့ ကာရံထားတဲ့ မာယာများလှတဲ့ ခြင်္သေ့တစ်ကောင်ပင်၊၊

Don't be Stubborn ! Baby Where stories live. Discover now