Part-26

2.4K 216 20
                                    

တစ်ရွေ့ရွေ့ ကုန်ဆုံးသွားသည့် အချိန်များဟာ ဘာလိုလိုနဲ့ first semester ၏ စာမေးပွဲဖြေဆိုရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်၊၊ ပြောရလျှင် Apo လို လူမျိုးဟာ စာမေးပွဲလိုမျိုး ကိစ္စလောက်နဲ့ ကိုယ့်ကိုကိုယ် စိတ်ဖိစီးခံမည့် လူစားမျိုး မဟုတ်ပေ၊၊ သို့သော် ဖခင်ဖြစ်သူ၏ တစ်ချက်လွတ်အမိန့်အရ စာမေးပွဲကျပါက ချက်ချင်းပင် New York ပြန်သွားရမည်မို့ ဒီတစ်ခေါက်တော့ အနည်းငယ် လေးနက်နေရခြင်း ဖြစ်ပေသည်၊၊ ထို့အပြင် သူနှင့် တွဲနေသည့် သူမှာလဲ ကျောင်းမှ နည်းပြ တစ်ယောက် မဟုတ်ပါလား ...

Apo သူ့မျက်စိထဲမှာ ကြည့်လေ ရှုပ်လာလေ ဖြစ်ပြီး ဘယ်လိုမှ ဖြည့်တွေးလို့ မရဖြစ်လာသော Mechanic ပုစ္ဆာများအား ကြည့်ကာ စုတ်တစ်ချက် သပ်မိလေသည်၊၊

ဘုတ် !

*ပို သည်းမခံနိုင်တော့ဘူး P'Mile !*

ထို့နောက် ခဲတံ ပစ်ချသံနှင့်အတူ သူနှင့် မလှမ်းမကမ်းရှိ စာကြည့်ထိုင်ခုံတွင် ဝိုင်တစ်ခွက်နှင့် စာဖတ်ရင်း ငြိမ့်နေသည့် တစ်ယောက်သောသူအား လှမ်းအား အော်ပြောလိုက်လေသည်၊၊

ထိုအခါ စာကြည့်မျက်မှန်အောက်ကနေ သူ့အား မော့ကြည့်လာသည့် မဲနက်လှသော မျက်ဝန်းများနှင့် တိုးလေတော့သည်၊၊ P'Mile ဟာလဲ သူ၏ မျက်မှာပေါ်က စိတ်ကုန်လွန်းနေသည့် အမူအရာများကို မြင်သည် ထင်ပါ၏ သူ့အား ကြည့်ကာ သက်ပျင်းတစ်ချက်ချလာလေသည်၊၊

*ကိုယ် စာကူလုပ်ဖို့ ဆရာခေါ်ပေးရမလား *

စာမလုပ်ချင်ပါဘူးဆို ဆရာပါ ခေါ်ပေးဖို့ ကြံနေသည့် ဒီဘဲကြီးဟာ အလိုက်ကန်းဆိုး မသိတတ်လှပေ၊၊ သူ့ဘက်ကနေ စာမလုပ်ချင်ဘူးလို့ ပြောလျှင် သူ့အား မလုပ်နှင့်ဟု ပြောမှ တစ်ဖက်သားက စိတ်သက်သာရာ ရမှာ မဟုတ်ပေဘူးလား၊၊ ထို့ကြောင့် Apo သူထိုင်နေသည့် ဆုံလည်ခုံအား လှည့်ကာ P'Mile အား ဘုကြည့်ကြည့်လိုက်လေသည်၊၊

*စာမေးပွဲက နီးနေပြီကို အခုမှ ဆရာခေါ်တော့ကော ဘာထူးမှာလဲ ၊၊ ဒီတိုင်း Daddy ကိုပဲ ပြောပေးပါလား P'Mile *

Apo သူ၏ မျက်နှာကြောလေးအား လျော့ကာ P'Mile အား အချိုသပ်ကြည့်ရန် စိတ်ကူးလေသည်၊၊ အဓိကက သူစာမေးပွဲ ကျကျ၊ မကျကျ  NewYork မပြန်ရဖို့က အရေးကြီးလှပေသည်၊၊ ထို့ကြောင့် အာဏာအားဖြင့် ရောက်ရောက် ပေါက်ပေါက် ရှိသည့် P'Mile သာ ပြောပေးလျှင် Daddy ဘက်က နားဝင်နိုင်လောက်ပေသည်၊၊

Don't be Stubborn ! Baby Where stories live. Discover now