Part-18

2.5K 232 32
                                    

ဒူ...ဒူ...ဒူ...

တိတ်ဆိတ်ကာ အပ်ကျသံပင် ကြားနိုင်လောက်သည့် အခန်းထဲ၌ ဖုန်းမှလာသည့် တုန်ခါသံဟာလဲ အဆက်မပြတ် မြည်ဟီးလို့နေလေသည်၊၊ ထိုအခါ စောက်ပုံအောက်ထဲကနေ လက်တစ်ဖက်ထွက်လာကာ တတိယအကြိမ်မြောက် ထိုဖုန်းအား ချပစ်လိုက်လေသည်၊၊

ဒူ...ဒူ...ဒူ..

*အားရှီး!!*

သို့သော် တစ်ဖက်ကလဲ လက်လျော့ဟန်မတူပေ၊၊ ချက်ချင်းပင် ထပ်ခေါ်နေတာမို့ နောက်ဆုံးမှာတော့ စောင်ပုံကြီးဟာ ရုတ်တရက် ဝုန်းကနဲ ပွင့်လာကာ ဘုတ်သိုက်ဖြစ်နေသော ဆံပင် အပြာရောင်များနှင့် Apo ဟာ ဆူပုတ်နေသော ရုပ်နှင့် ထထိုင်လာလေသည်၊၊ 
ပြီးနောက် အမြင်ကပ်စွာနှင့်ပင် တစ်ဖက်က ဖုန်းအား ကောက်ကိုင်လိုက်တော့သည်၊၊

*ဦးလေး ဘာလို့ဒီလောက်တောင် ခေါ်နေတာလဲဗျာ!*

ပထမ call ကတည်းက သူ့ဦးလေးမှန်း သိတာမို့ ပေကပ်ကာ မကိုင်ပဲ ထားခဲ့ခြင်း ဖြစ်လေသည်၊၊ သို့သော် အခုပဲ သေရေးရှင်ရေးလို ခဏခဏ ခေါ်နေသည်ကြောင့် သူဆက်အိပ်၍ မရနိုင်တော့ပေ၊၊

*Nattawin! *

သို့သော် သူ့အား စီးကာ အော်လာသည့်အခါ Apo ဖုန်းကို နားနှင့်ခွာကာ စိတ်ပျက်ဟန် ကျွတ်စ် သပ်လိုက်လေသည်၊၊

*ဘာလဲဗျာ! ဘာတိုင်စာတွေ လာပြန်လို့လဲ !*

သူ့ဦးလေး ဒီလောက်ထိ ဒေါပွနေပုံထောက်လျှင် သူနှင့် ပက်သက်ပြီး တစ်ယောက်ယောက်က လာတိုင်ကြောထူတာပဲ ဖြစ်နိုင်ချေများတာမို့ Apo ဒဲ့ပဲ မေးလိုက်ခြင်း ဖြစ်ပေသည်၊၊

*အေး မင်းကသာ အေးဆေးနေ၊၊ အခု မင်း ခြေထောက်ချိုးလိုက်တဲ့ ကောင်လေး အမေက ကျောင်းဘုတ်အဖွဲ့ထိပါ လာတိုင်ထားတာကွ! မင်းအဖေမင်းကို သေအောင် မသတ်ခင် အခု ချက်ချင်း ကျောင်းကို လာခဲ့ !*

*ဘာ!....နေပါဦး ဘယ်လို ....ဟယ်လို! ဦးလေး !. ..fu*k!!*

ဒီတစ်ခါတော့ သူ့ဦးလေးဘက်ကနေ စိတ်တကယ်ဆိုးနေတာ သေချာတာမို့ Apo လဲ စိတ်ပျက်စွာပင် ဆဲရေးမိလိုက်တော့သည်၊၊ တကယ်ဆို ဒီပြသာနာတွေက ဒီလောက်ထိ ကြီးဖို့မလိုပေ၊၊ ပုံမှန်ဆို ဦးလေးမင်က သူ့ဟာသူ လျော်ကြေးပေးတာဖြစ်ဖြစ် ၊ ဘာဖြစ်ဖြစ် တစ်ခုခု လုပ်ပြီး ကိစ္စများ ပြီးသွားတာ ဖြစ်ပေမယ့် ထိုဘွားတော်ကတော့ ပြသာနာကို ပိုကြီးအောင် လုပ်ချင်ဟန်ပေါ်လေသည်၊၊

Don't be Stubborn ! Baby Where stories live. Discover now