Part-16

2.6K 217 22
                                    

အနက်ရောင် Mercedez ကားလေးဟာ အချိန်မှန်စွာနှင့်ပင် ကိုးနာရီအတိမှာ ကျောင်းဝင်းအတွင်းသို့ ဝင်လာလေတော့သည်၊၊ သို့သော် အလုံပိတ်ထားသည့် ကားထဲမှာတော့ ပုံမှန်နေ့များလို Mile တစ်ယောက်ထဲ မဟုတ်တော့ပေ၊၊

Mile ကားအား ဌာနရှေ့၌ ပါကင်ထိုးလိုက်အပြီးတွင် ဘေးခုံ၌ air pod လေးတပ်ကာ အိပ်နေဆဲဖြစ်သည့် ကောင်ဆိုးလေးအား လှမ်းကြည့်လိုက်လေသည်၊၊ ဒီကောင်လေး ဘယ်လောက်ပဲ play ထားတယ်ဆိုဆို သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိုးရာများအား နည်းနည်း လေးတောင် မဖုံးဖိထားပေ၊၊ ဝတ်နေကြအတိုင်း အင်္ကျီလက်ရှည် အဖြူကို တံတောင်ဆစ်အထိရောက်အောင် လက်ခေါက်တင်ထားကာ
ကြယ်သီးကိုလဲ ပုံမှန်အတိုင်းပဲ သုံးလုံးခန့်ဖြုတ်ကာ ဝတ်ဆင်ထားသေးသည်၊၊ Necktie ကိုတော့ ဘယ်သောအခါမှ သေသေသပ်သပ်ကို တပ်လေ့မရှိပေ၊၊

သူ၏ လက်ကောက်ဝတ်တစ်ဖက်၌ နာရီဝတ်ထားတာမို့ မသိသာပေမယ့် အခြားတစ်ဖက်၌ ကြည့်လိုက်တာနှင့် နီရဲနေသော လက်ထိပ်မှ အရာများဟာ သူ ဆေးထည့်ပေးထားသော်လည်း အခုထိ အရောင်က မကျသေးပေ၊၊ ထို့အပြင် လက်အနောက်ပစ်ကာ လက်ထိပ်ခတ်ထားခြင်းဖြစ်တာမို့ သူ၏ ရိုက်ချက်တိုင်းဟာ ထိုကောင်လေး၏ လက်အား သွားသွားထိပေသည်၊၊ ထို့ကြောင့် တံတောက်ဆစ်အောက်နားမှာပါ အနီရောင် အစင်းကြောင်းများရှိနေသေးပေသည်၊၊

*Po!*

Mile ထိုကောင်လေးကို မနှိုးချင်ပေမယ့် အတန်းချိန် မမှီမှာ စိုးတာမို့ ပုခုံးအား အသာပုတ်ကာ နှိုးလိုက်ရလေသည်၊၊

*အင်!..*

သူ့အသံကြားမှသာ အိပ်ချင်မူးတူးနှင့် ထလာသည့် ကောင်လေးဟာ သူ့အား တွေ့သောအခါ မျက်လုံးလေးပြူးကာ ကြည့်လာလေသည်၊၊ ထိုအခိုက်အတန့် ထိုကောင်လေး၏ မျက်နှာ၌ ဘာ မာနတရားတွေမှ လွှမ်းမိုး မနေပဲ လွန်စွာမှ ဖြူစင်ပုံပေါက်နေသည်မို့ Mile  ထိုကောင်လေးအား ကြည့်ကာ ပြုံးမိလေသည်၊၊

*ကျောင်းရောက်ပြီ ၊၊ ထတော့ *

သူပြောလိုက်မှသာ ထိုကောင်လေးဟာ ဘေးဘီသို့ မျက်စိကစားကာ ကြည့်လာလေသည်၊၊ နောက်တော့ ထိုင်ခုံအား ပြန်တင်ကာ တစ်ချက် သန်းလိုက်ပြီး အနောက်ခန်းမှ လွယ်အိတ်အား လှမ်းယူလိုက်လေသည်၊၊

Don't be Stubborn ! Baby Where stories live. Discover now