Part-29

2.3K 222 24
                                    

*Ba...Baby...*

Miss ထံမှ အသံဆာဆာ အစား အသံထွက်တယ်ဆိုရုံလေးသာ တိုးငြင်းလှသည့် အသံသာ ထွက်လာလေတော့သည်။ ထို့အပြင် သူ၏ လက်မောင်းကိုပါ လာ ကိုင်ထားသဖြင့် Apo ပါ ရော၍ အနည်းငယ် လန့်လာလေတော့သည်။ သူ့လိုလူမျိုးအား ရှိန်အောင် လုပ်နိုင်သည့် Dom ဆိုသည်မှာ ရှားလှလေသည်။ သို့သော် ထို လေးထောင့်မျက်မှန် ကိုင်းအောက်မှ စူးရှကာ အေးစက်နေသည့် အကြည့်တစ်စုံ၏ ပိုင်ရှင်ကတော့ သူ့ကိုယ်ပါ ဆက်၍ မလှုပ်နိုင်ရန် စွမ်းနိုင်ပေသည်။

*ဒါက ဘယ်က ပြန်လာတာလဲ *

အခုထိ racing suit ကိုပြန်မလဲရသေးသည့် သူတို့ နှစ်ယောက်၏ ပုံစံများအား ခြေစွန်းခေါင်းစွန်းကြည့်ကာ တစ်ခွန်းတည်း မေးလာသည့် အခါ သူတို့နှစ်ယောက်လုံးဆီမှ ပြန်ပေးစရာ ဘာအဖြေမှ မရှိနေခဲ့ပေ။

*Oh! Is that....အွန်း!!!* 

ထိုအခိုက်အတန့်၌ပင် သူတို့၏ နောက်မှ ရောက်လာသည့် ထိုသုံးယောက်ထဲမှ Ryan ဟာ အရင်ဆုံး ဆေးကျောင်းသားလေးကို မြင်ကာ လက်ညှိုးထိုးပြလာသော်လည်း အရိပ်အကဲဖမ်းတာ တော်သည့် Koe တို့ဟာ Ryan ၏ ပါးစပ်ကို အတင်းပိတ်က ဒီနေရာကနေ အမြန်လစ်သွားကြလေတော့သည်။

သူတို့တစ်ဖွဲ့လုံး လွန်ခဲ့သော အခေါက်က Miss ၏ club မှာ ဆေးကျောင်းသားလေးကို မြင်ထားဖူးပြီးသား ဖြစ်တာမို့ သူတို့ဆီ စက်ကွင်းမရောက်လာခင် အလိုက်သိစွာ ပြေးလေတော့သည်။ နောက်ဆုံးတော့လဲ လူတတ်ကြီးလုပ်ခဲ့သည့် သူတို့ နှစ်ယောက်သာ ဆေးကျောင်းသားရှေ့၌ ကျန်ခဲ့လေတော့သည်။ 

*ဘယ်က ပြန်လာတာလဲလို့ နောက်တစ်ကြိမ် ထပ်မေးမယ်*

‌ကားကိုယ်ထည်အား မှီကာ မျက်မှန်ကိုင်းလေးအား ပင့်တင်ရင်း ပို၍ အေးစက်သည့် အသံနှင့် မေးလာသည့် အခါ Miss ဟာ ဒီတိုင်း ထပ်ပြီး နှုတ်ဆိတ်မနေတော့ပေ။

*ကား...ကားခဏ ပတ်မောင်းပြီး ...*

*Lydia!!!*

Miss ဟာ စကားပင် ဆုံးအောင် မပြောရသေး ရုတ်တရက် နာမည်အရင်းကြီးကို ထအော်လာသည့် ဆေးကျောင်းသားလေးကြောင့် Apo ပင် တုန်တက်သွားလေတော့သည်။ Miss ကို ကြည့်တော့လဲ မျက်နှာက အခုမှ သေးသေးလေးသာ ရှိတော့တာမို့ Apo အခွင့်အရေးရတုန်း လစ်ပြေးရန် ကြံလေတော့သည်။

Don't be Stubborn ! Baby Where stories live. Discover now