Part-32

1.8K 138 19
                                    

ညပိုင်းကတည်းက မြို့ပြမှ ထွက်ခွာလာခဲ့သည့် ကျောင်း၏ လေ့လာရေး ကားတန်းဟာ မနက်ဝေလီဝေလင်း ရောက်သည့်အခါ သွားရောက်မည့် မြို့၏ အဝင်ဝသို့ ရောက်ရှိလာခဲ့ပြီဖြစ်လေသည်။

ထိုအခါ ကားလေးစီးလုံးဟာ ရပ်နားရေးစခန်းနဲ့ စားသောက်ဆိုင်တွဲဖွင့်ထားသော ဆိုင် တစ်ဆိုင်ရှေ့၌ တန်းစီကာ ရပ်သွားပြီး ကားပေါ်ရှိ တာဝန်ရှိ ဆရာဖြစ်သည့် P'Mile မှ ကားရှေ့ဆုံးသို့ လျှောက်သွားကာ   ကျောင်းသားများအား စတင်မှာကြားလေတော့သည်။

*ကဲ အားလုံးပဲ ‌ဆရာတို့ လေ့လာရေးဆင်းမဲ့ မြို့တော့ ရောက်ခဲ့ပြီ။ ဒါပေမယ့် ဆရာတို့ camping လုပ်မဲ့နေရာကို သွားဖို့ဆို နောက်တစ်နာရီလောက် ကားစီးရဦးမှာမို့ မနက်စောစော အောက်ဆင်းပြီး ရပ်နားရေး စခန်းမှာ မျက်နှာလေး ဘာလေးသစ်၊ လန်းဆန်းအောင်လုပ်၊ ဒေသထွက်မနက်စာလေးဘာလေးစားဖို့ အချိန် လေးဆယ့်ငါးမိနစ်ပေးမယ်။ အားလုံးပဲ လေးဆယ့်ငါးမိနစ်ပြည့်တာနဲ့ ကားပေါ်မှာ လူပြန်စုံရမယ်နော်*

P'mile ၏ မှာကြားမှုအပြီး အခုမှ နိုးလာကြသည့် ကျောင်းသား၊ကျောင်းသူများမှာ အပျင်းကြော ဆန့်သူကဆန့်၊ မြို့နဲ့ဝေးတဲ့ ဒေသရဲ့ လေကောင်းလေသန့်ကို ရှူဖို့ ကားပေါ်က ဆင်းတဲ့သူကဆင်း၊ ဒေသထွက်အစားအစာတွေ စားဖို့ မမှီတော့မှာစိုးလို့ အလျင်လိုစွာ လှုပ်ရှားသူက လှုပ်ရှားနှင့် အားလုံးဟာ သူ့ဟာနှင့် သူတော့ တစ်နည်းနည်းနှင့် အလုပ်များနေကြသည့် ပုံပင်။ သို့သော် Apo ကတော့ ခုမှ အိပ်ရာက ထလာတာမို့ စိတ်က သိပ်မကြည်သေး။ နား၌ အုပ်ထားသည့် နားကြပ်အား လည်တိုင်ထပ်၌ ချိတ်ဆွဲလိုက်ကာ ယိုင်တိုင်တိုင်နှင့်ပင် ကား အောက်ဆင်းရန် ထလာလေတော့သည်။

ထိုအခါ သူ၏ အပေါင်းအပါများဖြစ်သော တက်ကြွသည့် ကြက်ဖ နှစ်ကောင်ကတော့ ရွပိုးထိုးကာ ဆင်းမယ် ဆင်းမယ်ပဲ တာဆူနေကြလေတော့သည်။

*မြန်မြန်လှုပ်ရှားစမ်းပါ ငါ့ကောင်ရာ။ မင်းမလဲ အသွားနှေး၊ အစားနှေးနဲ့ သေရင်တော့ မြန်...*

Koe သူ၏ သူငယ်ချင်းဖြစ်သူအား စကားကုန်အောင်ပင် မပြောရသေး သူတို့အား ကား‌တံခါးအဆင်းတွင် ခါးထောက်ကာ စိုက်ကြည့်နေသည့် နည်းပြ ဖြစ်သူကြောင့် သူ၏ နှုတ်သီးခေါင်းလေးပင် အထဲပြန်ဝင်သွားရလေတော့သည်။

You've reached the end of published parts.

⏰ Last updated: Dec 16, 2023 ⏰

Add this story to your Library to get notified about new parts!

Don't be Stubborn ! Baby Where stories live. Discover now