Part-20

2.8K 222 21
                                    

စလိုက်မီးရောင်များ ပတ်ပတ်လည်ကျရောက်နေသော ကြိုးဝိုင်းတစ်ခု၊ ဘေးပတ်ပတ်လည်၌ ကာရံထားသော 7 ပေကျော်ခန့်မြင့်သည့် သံဆန်ကာများ၏ အပြင်ဘက် ခုံတန်းများ၌ စည်ကားလှစွာ အသံညံညံများနှင့် အဆက်မပြတ်အားပေးနေကြသော ပရိတ်သတ်များ၏ အသံများဟာ အဆောက်အဦးတစ်ခုလုံး၌ ဟိန်းထွက်နေကြလေသည်၊၊

ထိုအချိန်၌ပင် ကြိုးဝိုင်းထဲ၌လည်း သတိမလွတ်တမ်း တိုက်ခိုက်နေကြသည့် ကစားသမား နှစ်ယောက်ရှိပေသည်၊၊

ဘုန်း!

Mile သူ၏ ကျောပြင်ဟာ သံဆန်ကာနှင့် ဆွဲကပ်ခံလိုက်ရတာမို့ ကျဥ်းထဲကျပ်ထဲ အခြေအနေထဲ မကျရောက်သွားအောင် အပေါ်ကနေပဲ တစ်ဖက်ကစားသမား၏ နံရိုးများအား ဖိကာ ထိုးနေလိုက်လေသည်၊၊ နှစ်ယောက်လုံးဆီမှ ထွက်နေသော သွေးညှီနံံ့များဟာ ပြိုင်ဆိုင်လိုစိတ်အား ပို၍ ပြင်းထန်စေတာမို့ နှစ်ယောက်လုံးဟာ တစ်ယောက်ကို တစ်ယောက် မလွတ်စတမ်းပင် ကပ်ထားကြလေတော့သည်၊၊

Mile သူဟာ အစကတည်းက ချုပ်၍ ကစားရသည်ကို အားသာသည့် ကစားသမားမျိုး မဟုတ်ပေ၊၊ တစ်ဖက်သားအား သူ၏ လက်သီးတစ်ချက်၊ ကန်ချက်တစ်ချက်နှင့်သာ အဆုံးသတ်ပေးလေ့ရှိသော ကစားသမားမျိုးဖြစ်ပေသည်၊၊ သို့သော် တစ်ဖက်က ပြိုင်ဖက်ဟာ ချုပ်ကစားတာ အားသာသည့် သူမို့ သူ့အနေနှင့် လုံးဝ မချုပ်မိစေရန် လူကိုရအောင် ခွာနေရပေသည်၊၊

ဒုတ်! ဒုတ်! ဒုတ်!

သူတစ်ဖက် လူ၏ နံရိုးများအား ဖိကာ ထိုးပေးလိုက်သောအခါ သူ့ကို ချုပ်ထားသည့် လက်များဟာ ပိုလို့ လျော့လာသည်ကို သတိထားမိသည့်အခါ သူ၏ အားများအား ပြန်၍ စုကာ သူ့ကိုယ်သူ ထောင့်ကပ်နေရာကနေ ရအောင် ခွာလိုက်လေတော့သည်၊၊ ထိုအခါ လူကွဲသွားသည့် အခိုက် တစ်ဖက် ကစားသမား၏ ခြေထောက်အား ပိုင်နိုင်စွာ ဖြတ်ကန်လိုက်ကာ လဲကျစေလိုက်လေသည်၊၊ ထို့နောက်မှ လျင်မြန်စွာပင် တစ်ဖက်လူအား ဝင်လုံးရန် ပြင်သော်လည်း ထောင့်သို့ ကပ်ကာ လွတ်သွားပြန်သည့် သူကြောင့် နှစ်ယောက်သား တစ်ဖန် ပြန်၍ မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားလေတော့သည်၊၊

Don't be Stubborn ! Baby Where stories live. Discover now